ရွေးကောက်ပွဲကို ကာ/လုံ အဆုံးအဖြတ်နဲ့ ကျင်းပနိုင်တယ်လို့ဆို
ရွေးကောက်ပွဲကို ကာ/လုံ အဆုံးအဖြတ်နဲ့ ကျင်းပနိုင်တယ်လို့ဆို
ရေးသားခဲ့သည်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရွေးကောက်ပွဲကို အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ ကာ/လုံရဲ့ အဆုံးအဖြတ်နဲ့ ကျင်းပနိုင်တယ်လို့ မေလ ၁၉ ရက် မနေ့က စစ်ကောင်စီ အစည်းအဝေးမှာ ပြောဆိုခဲ့ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ကာ/လုံကို အာဏာပြန်အပ်ရင် အရေးပေါ် အခြေအနေကို ရပ်ဆိုင်းပေးရမှာ ဖြစ်ပါတယ်။ ဒီလိုအခြေအနေတွေကြောင့် စစ်ကောင်စီဟာ လက်ရှိရယူထားတဲ့ အာဏာကို ကာ/လုံဆီကို ဘယ်လို လွှဲပြောင်းပေးမှာပါလဲ။ အပြည့်အစုံကို ကိုသန့်ဇင်က ပြောပြမှာပါ။



