ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
စစ်ကြောင်းထိုးမှုတွေကြောင့် ၁ လအတွင်း အရပ်သား ၄၀ ကျော်သေဆုံး
စစ်ကြောင်းထိုးမှုတွေကြောင့် ၁ လအတွင်း အရပ်သား ၄၀ ကျော်သေဆုံး
ရေးသားခဲ့သည်။
စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းအတွင်းက မြို့နယ် ၆ ခုမှာ ရှိတဲ့ ကျေးရွာတွေကို ပျူစောထီး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့တွေက စစ်ကြောင်းထိုးမှုတွေ ဆက်တိုက် လုပ်လာပြီးနောက် တစ်လ အတွင်းမှာ အရပ်သား ၄၁ ယောက် ထက် မနည်း သတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။ သတ်ဖြတ်ခံရသူတွေထဲမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေပါဝင်ပြီး၊ လက်နက်ကြီးကျည်ဆန် ထိမှန်သေဆုံးတာလို့ သိရပါတယ်။ ကိုဇေယျာက ဆက်ပြီး ပြောပြပေးမှာပါ။