ဂါဇာမှာ လောင်စာဆီပြတ်လုနီးပါးမို့ ခွဲစိတ်ကုသမှုတွေ လျော့ချထားရ

ဗီဒီယို ပုံစာ, လောင်စာဆီပြတ်လုနီးပါးမို့ ခွဲစိတ်ကုသမှုတွေ လျော့ချထားရတယ်လို့ ကုလ ကယ်ဆယ်ရေးဝန်ထမ်းတွေပြော
ဂါဇာမှာ လောင်စာဆီပြတ်လုနီးပါးမို့ ခွဲစိတ်ကုသမှုတွေ လျော့ချထားရ
ရေးသားခဲ့သည်။

ဂါဇာမှာ လူမှုကယ်ဆယ်ရေး အဖွဲ့တွေက အကူအညီတွေ အရေးတကြီး လိုအပ်နေတယ်လို့ ပြောပါတယ်။ ဂါဇာထဲ ဘယ်နေရာမှ လုံခြုံမှုမရှိဘူးလို့ ကုလ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးက သတိပေးထားပါတယ်။ လောင်စာဆီပြတ်လုနီးပါး ဖြစ်နေတာကြောင့် ကျန်းမာရေးဆိုင်ရာ ခွဲစိတ်ကုသမှုတွေကို အကြီးအကျယ် လျော့ချထားရတယ်လို့ ကုလ ကယ်ဆယ်ရေးဝန်ထမ်းတွေရဲ့ ကြေညာချက် ထွက်ပေါ်လာခဲ့ပြီးနောက် သူက သတိပေးလိုက်တာ ဖြစ်ပါတယ်။ အခုအခါ ထိခိုက်ပျက်စီးမှု ၊ လောင်စာဆီ အလုံအလောက် မရှိတာတွေကြောင့် ဂါဇာက ဆေးရုံ ၃၅ ခုမှာ ၁၂ ခုကို ပိတ်ထားရပါတယ်။ ဟားမတ်စ်အဖွဲ့ လက်ထဲ ကျရောက်သွားမှာစိုးတဲ့ အကြောင်းပြချက်နဲ့ အစ္စရေးက ဂါဇာထဲ လောင်စာဆီ တင်သွင်းမှုကို ပိတ်ထားပါတယ်။ ဂါဇာမှာ လူတစ်သန်းခွဲလောက် အိုးအိမ်စွန့်ခွာ ပြေးနေကြရပါတယ်။

တစ်ချိန်တည်းမှာ အမေရိကန်နဲ့ ရုရှားတို့ရဲ့ အဆိုပြုလွှာ မူကြမ်းတွေကို ကုလလုံခြုံရေးကောင်စီက မနေ့ ဗုဒ္ဓဟူးနေ့က ပယ်ချလိုက်ပါတယ်။ မတူညီတဲ့ အဲဒီအဆိုပြုလွှာ မူကြမ်းတွေဟာ အစ္စရေးနဲ့ ပါလက်စတိုင်းကြား တိုက်ခိုက်မှု ရပ်ဆိုင်းထားဖို့နဲ့ ဂါဇာထဲ စာနာမှု အကူအညီတွေ ဝင်ပေးခွင့်ပြုဖို့ ကိစ္စတွေ ပါဝင်ပါတယ်။ ထွက်ပေါက် အဖြေရှာမရဖြစ်နေတဲ့ ဂါဇာအရေးကြောင့် ကမ္ဘာနိုင်ငံတွေကြား နက်ရှိုင်းတဲ့ သဘောကွဲမှုတွေ ဖော်ပြနေတဲ့အကြောင်း ကိုကျော်ဇေယျက စုစည်းတင်ဆက်ပေးထားပါတယ်။