မိုးမိတ်မှာ တိုက်ပွဲပြင်းထန်
မိုးမိတ်မှာ တိုက်ပွဲပြင်းထန်
ရေးသားခဲ့သည်။
ရှမ်းပြည်မြောက်ပိုင်း မိုးမိတ်မြို့နယ်မှာ ကချင်လွတ်လပ်ရေး တပ်ဖွဲ့ ကေအိုင်အေ၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ PDF နဲ့ စစ်ကောင်စီ တပ်တွေ အကြား တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။ မိုးမိတ်ဒေသခံတွေ ထွက်ခွာဖို့ကိုလည်း စစ်ကောင်စီဘက်က သတိပေးနေတယ်လို့ ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။ မိုးမိတ် ဒေသဟာ တအာင်း လွတ်မြောက်ရေး တပ်ဖွဲ့ TNLA အားကောင်းတဲ့ ဒေသလည်းဖြစ်ပါတယ်။ အဲဒီက စစ်ရေးအခြေအနေကို မရွှေပိုးနီက ဆက်ပြီးပြောပြပေးမှာပါ။



