အစ္စရေးရဲ့ စစ်ရေးအရှိန်မြှင့်မှုနဲ့အတူ ပိတ်မိနေတဲ့ ဂါဇာအခြေအနေ

အစ္စရေးရဲ့ စစ်ရေးအရှိန်မြှင့်မှုနဲ့အတူ ပိတ်မိနေတဲ့ ဂါဇာအခြေအနေ
ရေးသားခဲ့သည်။

ဂါဇာမှာ အစ္စရေးတို့ရဲ့ ဗုံးကြဲမှုကြောင့် အိုးအိမ်စွန့်ခွာပြေးနေရသူပေါင်း ၃၄၀,၀၀၀ ကျော် ရှိတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။ ပါလက်စတိုင်း အာဏာပိုင်တွေကတော့ အစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ဂါဇာမှာ လူပေါင်း ၁၃၀၀ ဝန်းကျင် သေဆုံးပြီး ၅၀၀၀ ကျော် ဒဏ်ရာရတယ်လို့ ပြောပါတယ်။ နယ်စပ်ထွက်ပေါက်တွေ ပိတ်ခံထားရတဲ့ ဂါဇာမှာ ဒေသခံတွေ ထွက်ပြေးလွတ်မြောက်ဖို့လည်း အခက်ကြုံနေရပါတယ်။ ဘီဘီစီ နိုင်ငံတကာ ရေးရာ အယ်ဒီတာ ဂျရမီ ဘိုဝင်က အစ္စရေးတောင်ပိုင်းကနေ သတင်းပေးပို့ထားတာကို ကိုဝေဖြိုးက ပြောပြပေးမှာဖြစ်ပါတယ်။