ဘင်္ဂလားဒေ့ရှ် နိုင်ငံက ဝက်သက်ရောဂါ ကူးစက်မှု အခြေအနေ

ဗီဒီယို ပုံစာ, ဘင်္ဂလားဒေ့ရှ် နိုင်ငံက ဝက်သက်ရောဂါ ကူးစက်မှု အခြေအနေ
ဘင်္ဂလားဒေ့ရှ် နိုင်ငံက ဝက်သက်ရောဂါ ကူးစက်မှု အခြေအနေ
ရေးသားခဲ့သည်။

ဘင်္ဂလားဒေ့ရှ်မှာ မတ်လက စပြီး ဝက်သက် ကူးစက်မှုကြောင့် လူ ၇၅၀ နီးပါး သေဆုံးခဲ့ပြီး အများစုဟာ ကလေးငယ်တွေ ဖြစ်ကြပါတယ်။ အဲဒီ မတိုင်ခင်တုန်းကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ဝက်သက် ရောဂါ ကာကွယ်ရေးလုပ်ငန်းတွေမှာ သိသာ ထင်ရှားတဲ့ တိုးတက်မှုတွေ ရှိခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက ပြောကြားခဲ့ဖူးပါတယ်။ ဒါပေမဲ့ အဲဒီ တိုးတက်မှုတွေဟာ ပျောက်ကွယ်သွားသလို အခုတော့ ဝက်သက် ရောဂါနဲ့ နေ့စဉ် လူနာ တစ်ထောင်လောက်ကို ကုသပေးနေရတာကြောင့် ဆေးရုံတွေလည်း မနိုင်ဝန်ထမ်းနေရပါတယ်။ အဲဒီက အခြေအနေကို ဘီဘီစီ သတင်းထောက် အဇက်ဒါ မာရှရီရဲ့ သတင်းကို မသီရိဇာ်က ပြောပြပေးမှာပါ။ ဒီသတင်းထဲမှာ ကလေးငယ်တွေရဲ့ စိတ်မချမ်းမြေ့စရာ ပုံရိပ်တွေ ပါဝင်နိုင်ကြောင်း ကြိုတင် သတိပေးအပ်ပါတယ်။