ပေ ၁၀၀ ကျော်ရေတွင်းထဲ ဆင်းခပ်နေရသူများ

ဗီဒီယို ပုံစာ, ပေ ၁၀၀ ကျော်ရေတွင်းထဲ ဆင်းခပ်နေရသူများ
ပေ ၁၀၀ ကျော်ရေတွင်းထဲ ဆင်းခပ်နေရသူများ
ရေးသားခဲ့သည်။

အိန္ဒိယနိုင်ငံ ဂူဂျာရတ်ပြည်နယ်က မိုတီပါဆန်ရွာမှာ လူ ၁၂၀၀ ကျော်ရှိပေမဲ့ ရေတွင်းက ရှစ်တွင်းပဲ ရှိပါတယ်။ အဲဒီရေတွင်းတွေကလည်း နွေဆို ရေခန်းပါတယ်။ ဒါကြောင့် ရွာသားတွေဟာ ပေ ၁၀၀ ကျော်နက်တဲ့ ရေတွင်းရဲ့ အောက်ခြေမှာရှိတဲ့ရေတွေကို သက်စွန့်ဆံဖျားဆင်းပြီး ခပ်နေကြရပါတယ်။ ရေတွင်းထဲဆင်းရင်း ချော်ကျလို့ ကျိုးပဲ့ ဒဏ်ရာရကြတာလည်းရှိပါတယ်။ အစိုးရကတော့ ဒေါ်လာ ၆၁ သန်းတန် ရေရရှိရေးစီမံချက်တစ်ခုကို စလုပ်ပေးနေပြီလို့ ပြောပါတယ်။

#ဘီဘီစီမြန်မာပိုင်း #အိန္ဒိယ #ရေ #ရာသီဥတု