ဟားမတ်စ်က အပစ်ရပ်ဖို့ သဘောတူလိုက်ချိန်မှာ အစ္စရေးက ရာဖာနယ်စပ်ဂိတ်မှာ စစ်ဆင်ရေးဆင်နွှဲ

ဟားမတ်စ်က အပစ်ရပ်ဖို့ သဘောတူလိုက်ချိန်မှာ အစ္စရေးက ရာဖာနယ်စပ်ဂိတ်မှာ စစ်ဆင်ရေးဆင်နွှဲ
ရေးသားခဲ့သည်။

အီဂျစ် စေ့စပ်ရေးသမားတွေရဲ့ ကြားဝင်ညှိနှိုင်းပေးမှုနဲ့ အပစ်ရပ်ဖို့ ဟားမတ်စ်ဘက်က လက်ခံခဲ့ပြီးတဲ့နောက်မှာ အစ္စရေးဘက်က စစ်ဆင်ရေး ဆင်နွှဲလာတာပါ။ ဟားမတ်စ်ဘက်က သဘောတူညီချက်ဟာ သူတို့ဘက်က အဓိက တောင်းဆိုချက်တွေနဲ့ အရမ်းကွာဟနေတယ်လို့ အစ္စရေးဘက်က ပြောပေမယ့် ထပ်မံ ဆွေးနွေးဖို့ ကိုယ်စားလှယ်တဖွဲ့ ကိုင်ရိုမြို့ကို လွှတ်ထားတယ်လို့ အစ္စရေး ဝန်ကြီးချုပ် ရုံးက ပြောပါတယ်။

ရာဖာအရှေ့ပိုင်းကနေ အရပ်သားတွေ ထွက်ခွာကြဖို့ အစောပိုင်းတုန်းက အစ္စရေးကအမိန့်ထုတ်ထားခဲ့ပေမယ့် အစ္စရေးတို့ ရွှေ့ပြောင်းခိုင်းထားတဲ့ စခန်းတွေမှာလည်း ဒုက္ခသည်တွေ ပြည့်ကြပ်ညပ်နေတယ်လို့ ဂါဇာ ဒေသခံတွေက ပြောပါတယ်။ ဘီဘီစီ သတင်း ဖာဂါကင်းန် ရဲ့ ဒေသတွင်း လက်ရှိ အခြေအနေ သတင်းပေးပို့ထားတာကို ကိုမိုးမြင့်က ပြောပြပေးမှာပါ။