မြန်မာလုပ်သားတွေ သင်္ကြန်ပြန်ရင် သတိပြုဖို့ ပြော

ဗီဒီယို ပုံစာ, မြန်မာလုပ်သားတွေ သင်္ကြန်ကာလ ပြန်ရင် သတိပြုဖို့ အလုပ်သမားရေး လှုပ်ရှားသူတွေပြော
မြန်မာလုပ်သားတွေ သင်္ကြန်ပြန်ရင် သတိပြုဖို့ ပြော
ရေးသားခဲ့သည်။

မြန်မာနှစ်သစ်ကူး သင်္ကြန်ကာလရုံးပိတ်ရက်တွေမှာ ပြည်ပရောက် မြန်မာလုပ်သားတွေဟာ နေရပ်ကို ပြန်လာလေ့ ရှိကြပါတယ်။ အခုတော့ ခွင့်နဲ့ပြန်လာသူ အပါအဝင် ပြည်ပကိုထွက်ခွာသူတွေလိုတဲ့ PJ ပတ်စ်ပို့ကိုင်ဆောင်သူအားလုံး အလုပ်သမားဝန်ကြီးဌာနက ခွင့်ပြုမှ ပြန်လည်ထွက်ခွာခွင့်ရမယ့်စနစ်သစ်ကြောင့် ပိတ်ရက်ရှည်ပြန်ကြမယ့်သူတွေ သတိပြုဖို့ အလုပ်သမားအရေးလှုပ်ရှားသူတွေက တိုက်တွန်းနေပါတယ်။ မြန်မာလုပ်သားတွေဘက်ကရော ဘယ်လိုစိုးရိမ်ချက်ရှိနေပါသလဲ။ အပြည့်အစုံကို မသင်းသင်းနွယ်က ပြောပြပေးပါမယ်။