ဂါဇာထဲက ဆေးရုံတွေ အခြေအနေဆိုးရွား

ဗီဒီယို ပုံစာ, ဂါဇာထဲက ဆေးရုံတွေ အခြေအနေဆိုးရွား
ဂါဇာထဲက ဆေးရုံတွေ အခြေအနေဆိုးရွား
ရေးသားခဲ့သည်။

ဂါဇာကမ်းမြှောင်ဒေသက အစ္စရေးနဲ့ ဟားမတ်စ် တိုက်ပွဲရဲ့ အလယ်မှာ ရောက်နေတဲ့ အဓိက ဆေးရုံကြီးမှာ လျှပ်စစ်မီးပြတ်တောက်မှုတွေကြောင့် လူနာတွေ သေဆုံးနေရတယ်လို့ ကျန်းမာရေးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။

လမစေ့ဘဲမွေးလာကြလို့ ဖန်ပေါင်းချောင်ထဲ ထည့်ထားရတဲ့ ကလေးငယ် ၆ယောက်သေဆုံးခဲ့ရတယ်လို့ ဟားမတ်စ် ကျန်းမာရေး ဝန်ကြီးက ပြောကြားပါတယ်။ ဂါဇာထဲက ဆေးရုံတွေမှာ အခြေအနေတွေ ဆိုးရွားနေတာကြောင့် စိုးရိမ်မှုတွေလည်း မြင့်တက်နေပါတယ်။ ဂါဇာထဲက နောက်ဆုံး အခြေအနေတွေကို ဂျေရုဆလင်မှာ ရှိနေတဲ့ ဘီဘီစီ သတင်းထောက် တွမ် ဘိတ်မန်းက သတင်းပေးပို့ထားပါတယ်။ ကိုဘိုဘိုက ပြောပြပေးမှာပါ။