ဝင်းနိမ္မိတာရုံ ဆရာတော် ပစ်ခတ်ခံရမှု စိစစ်မယ်လို့ စစ်ကောင်စီ ပြောဆို

ဗီဒီယို ပုံစာ, ဝင်းနိမ္မိတာရုံ ဆရာတော် ပစ်ခတ်ခံရမှု စိစစ်မယ်လို့ စစ်ကောင်စီ ပြောဆို
ဝင်းနိမ္မိတာရုံ ဆရာတော် ပစ်ခတ်ခံရမှု စိစစ်မယ်လို့ စစ်ကောင်စီ ပြောဆို
ရေးသားခဲ့သည်။

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့မှာ ပစ်ခတ်ခံရလို့ ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော်ကြီးပျံလွန်တော်မူခဲ့ရတာနဲ့ ပတ်သက်လို့ မြေပြင် လုံခြုံရေး အဖွဲ့တွေရဲ့ အစီရင်ခံစာနဲ့ မျက်မြင်ကြုံခဲ့ရတဲ့ ကန်သုံးဆင့် ဆရာတော်ကြီးရဲ့ မိန့်ကြားချက်တွေ ကွဲလွဲနေတဲ့ အတွက် ပြန်လည် စိစစ် ဖော်ထုတ်မယ် ဆိုပြီး စစ်ကောင်စီဘက်က ပြောကြားလာပါတယ်။ ဒီဖြစ်စဥ်နဲ့ပတ်သက်လို့ ဝင်းနိမ္မိတာရုံကျောင်းတိုက်က ဆရာတော်တွေထံ ပဲခူးတိုင်းဝန်ကြီးချုပ်ကိုယ်တိုင် လာရောက် လျှောက်ထားမှုတွေ ရှိခဲ့တယ်လို့လည်း သိရပါတယ်။ အပြည့်အစုံကို ကိုမိုးမြင့် ပြောပြမှာပါ။

ဖြည့်စွက်ချက် - စစ်ကောင်စီဘက်က အခုနောက်ဆုံးထုတ်ပြန်ချက်အရ

ဒီဖြစ်စဉ်ကို အသေးစိတ်ကို ထပ်မံစိစစ်သွားမှာဖြစ်ပြီး အဆင့်မြင့်အရာရှိတွေပါဝင်တဲ့ စုံစမ်းစစ်ဆေးအဖြစ်မှန်ဖော်ထုတ်ရေးအဖွဲ့ဖွဲ့ပြီး ပေါ်ပေါက်ချက်အရ အရေးယူသွားမယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ထုတ်ပြန်ခဲ့ပါတယ်။

ဒီဖြစ်စဉ်မှာ အိမ်စီးကားကို ရပ်ဖို့ အော်ဟစ်လက်ပြတားဆီးပေမဲ့ မရပ်လို့ နောက်ကနေ ပစ်ခတ်ခဲ့တယ်လို့လည်း ဝန်ခံခဲ့ပါတယ်။