ချင်းရွှေဟော်၊ဖောင်းဆိုင်နဲ့ ကြူကုတ် တို့ကို စစ်ကောင်စီ လက်လွှတ်လိုက်ရပြီလို့ ၀န်ခံ

ချင်းရွှေဟော်၊ဖောင်းဆိုင်နဲ့ ကြူကုတ် တို့ကို စစ်ကောင်စီ လက်လွှတ်လိုက်ရပြီလို့ ၀န်ခံ
ရေးသားခဲ့သည်။

ရှမ်းမြောက်ဒေသမှာ မြောက်ပိုင်း ညီနောင်မဟာမိတ် အဖွဲ့က ဖော်ဆောင်တဲ့ စစ်ဆင်ရေး ၁ဝ၂၇ ဆင်နွှဲနေတာ ဒီနေ့ဆို တပတ်ပြည့်ပါပြီ။ ဒါပေမယ့် မြေပြင်မှာ စစ်ကောင်စီ တပ်တွေဟာ လက်ရှိ အချိန်အထိ စစ်ကူပို့နိုင်တဲ့ အနေအထား မရှိသေးပါဘူး။ စစ်တပ်အတွက် စစ်ကူပို့နိုင်တဲ့ လမ်းကြောင်းတွေမှာ ၁ဝ၂၇ စစ်ဆင်ရေးကို ပူးပေါင်းစစ်ဆင်တဲ့ လက်နက်ကိုင် အဖွဲ့တချို့က ဟန့်တား တိုက်ခိုက်တာတွေ ရှိနေပါတယ်။ အပြည့်အစုံကို ကိုဇေယျာက ပြောပြပေးမှာပါ။