ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မြန်မာ ပြန်လည်သင့်မြတ်ရေး သက်ဆိုင်သူ အားလုံးကို ထောက်ခံကြောင်း တရုတ်ပြော
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်နိုင်ငံကို ရောက်နေချိန်မှာ၊ တရုတ်ဘက် မြန်မာ နိုင်ငံမှာ ဆွေးနွေးညှိနှိုင်းမှုတွေက တဆင့် နိုင်ငံရေး အရ ပြန်လည် သင့်မြတ်မှု ရရှိအောင် လုပ်ဆောင်မယ့် သက်ဆိုင်သူ အားလုံးကို တရုတ် အစိုးရက ထောက်ခံကြောင်း တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေး ဆိုခွင့် ရှိသူက သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုလိုက်ပါတယ်။ တချိန်တည်းမှာပဲ မြောက်ပိုင်း ညီနောင်အဖွဲ့က ခေါင်းဆောင် တချို့ဟာ ဝပြည်နယ်ထဲမှာ ရောက်နေပြီး၊ စစ်ခေါင်းဆောင် တရုတ် နိုင်ငံကို ရောက်နေချိန်မှာ ဒီအဖွဲ့တွေကို တရုတ်က ခေါ်ယူညှိနှိုင်းနေတာ ဖြစ်နိုင်တယ်ဆိုတဲ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ ဒီအကြောင်း ကိုသန့်ဇင်က ပြောပြပေးမှာပါ။