ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ရုရှားက ယူကရိန်းကို ကျူးကျော်ခဲ့ပြီးနောက် သေဆုံးသူ ဦးရေ တွက်နိုင်ဖို့ ခက်
ရုရှားက ယူကရိန်းကို ကျူးကျော်ခဲ့ပြီးနောက် သေဆုံးသူ ဦးရေ တွက်နိုင်ဖို့ ခက်
ရေးသားခဲ့သည်။
ရုရှားက ယူကရိန်းကို ကျူးကျော်ခဲ့ပြီးနောက် လူဘယ်နှယောက် သေဆုံးတယ် ဆိုတာ တိတိကျကျ တွက်နိုင်ဖို့ ခက်ပါတယ်။ တဘက်ဘက်မှာ သေဆုံးသွားတဲ့ စစ်သားတွေကို ဘယ်သူဘယ်ဝါ ဆိုတာ ဖော်ထုတ်ပြီး နေရပ်ပြန်ပို့ရာမှာ စိန်ခေါ်မှုတွေရှိနေတာကြောင့် ကျဆုံးသွားတဲ့ စစ်သား ၄၀၀ လောက်သာ နိုင်ငံကို ပြန်ပို့နိုင်ခဲ့တယ်လို့ ယူကရိန်းအစိုးရက ပြောပါတယ်။
ကျဆုံးစစ်သားတွေကို ရှာဖွေရေး ကြိုးပမ်းလုပ်ဆောင်နေတဲ့ ယူကရိန်း အရှေ့ပိုင်းကနေ ဘီဘီစီ သတင်းထောက် Wyre Davies ပေးပို့တဲ့ သတင်းကို ကိုသိမ်းမြတ် ပြောပြပေးပါမယ်။
ဒီထဲမှာ စိတ်အနှောင့်အယှက်ဖြစ်နိုင်စရာ ပုံရိပ်တွေ ပါနိုင်တယ် ဆိုတာ ကြိုတင် အသိပေးပါရစေ။