ဒုံးကျည်နဲ့ တိုက်ခိုက်လာတဲ့ အီရန်ကို အစ္စရေး သတိပေး

ဗီဒီယို ပုံစာ, ဒုံးကျည်နဲ့ တိုက်ခိုက်လာတဲ့ အီရန်ကို အစ္စရေး သတိပေး
ဒုံးကျည်နဲ့ တိုက်ခိုက်လာတဲ့ အီရန်ကို အစ္စရေး သတိပေး
ရေးသားခဲ့သည်။

အစ္စရေး ဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ညာဟုက အစ္စရေးကို ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ အီရန်ဟာ ဆိုးဆိုးဝါးဝါး ပေးဆပ်ရလိမ့်မယ်လို့ သတိပေးလိုက်ပါတယ်။ အီရန်က ဂျေရုဆလင်နဲ့ တဲလ်အဗိတို့ အပါအဝင် အစ္စရေးထဲက ပစ်မှတ်တွေကို ဒုံးကျည်ပေါင်း ၁၈၀ လောက် နဲ့ ပစ်ခတ်ခဲ့ပါတယ်။ အဲဒီထဲက အတော်များများကို အမေရိကန်နဲ့ ဗြိတိသျှ တပ်ဖွဲ့တွေရဲ့ အကူအညီနဲ့ ကြားဖြတ် ပစ်ချနိုင်ခဲ့ကြပါတယ်။ ဂျေရုဆလင်မြို့က ဘီဘီစီ သတင်းထောက် ဂျွန် ဒွန်နဆင်ရဲ့ သတင်းကို ကိုဘိုဘိုက ပြောပြပေးမှာပါ။