မန္တလေးက ငလျင်သင့် အဆောက်အဦတွေကို ရှင်းလင်း
မန္တလေးက ငလျင်သင့် အဆောက်အဦတွေကို ရှင်းလင်း
ရေးသားခဲ့သည်။
ငလျင်ကြောင့် ပြိုပျက်ခဲ့တဲ့ မန္တလေးမြို့ပေါ်က အဆောက်အဦတွေကို ရှင်းလင်းမှုတွေ ပြုလုပ်နေပါပြီ။ အန္တရာယ်ရှိ အနီရောင်အဆင့် အဆောက်အဦတွေကို ဦးစားပေးရှင်းလင်းနေပြီး အဲဒီထဲမှာ ကွန်ဒိုနဲ့ ဟိုတယ်လို လူအစုလိုက်အပြုံလိုက် နေထိုင်တဲ့ နေရာတွေလည်းပါဝင်ပါတယ်။ အဆောက်အဦ ရှင်းလင်းမှုကနေ ငွေကြေးနဲ့ လက်ဝတ် ရတနာတွေ ပြန်ရတဲ့သူရှိသလို ပြန်မရဘဲ ကြန့်ကြာနေတာတွေလည်းရှိနေပါတယ်။ ဘာကြောင့်ပါလဲ။ ငလျင်သင့် လူထုရဲ့ ပိုင်ဆိုင်မှုတွေကို ပြန်လည်ပေးအပ်နိုင်ဖို့ အာဏာပိုင်တွေ ဆောင်ရွက်မှုပုံစံ ဘယ်လိုရှိပါသလဲ။ ဒီအကြောင်း ကိုမြင့်လွင်က ပြောပြပေးပါမယ်။



