ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ငလျင်သင့်ဒေသတွေဆီ ကူညီရေး ခက်ခဲနေဆဲ
ငလျင်သင့်ဒေသတွေဆီ ကူညီရေး ခက်ခဲနေဆဲ
ရေးသားခဲ့သည်။
အင်အားပြင်းငလျင်အပြီး ၅ ရက်ရှိလာချိန် စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော်အပါအဝင်ငလျင်ဒဏ်သင့်ဒေသတွေမှာ ကူညီကယ်ဆယ်ရေးတွေ ကြီးကြီးမားမား လိုအပ်နေတာပါတယ်။
ပြည်တွင်းပြည်ပက ကူညီကယ်ဆယ်ရေး ပစ္စည်းတွေနဲ့ အထောက်အပံ့တွေ ရောက်ရှိလာပေမဲ့ တကယ်လိုအပ်နေသူတွေဆီ ရောက်ရှိဖြန့်ဝေနိုင်ဖို့လည်း ခက်ခဲနေပါတယ်။
ဒါ့အပြင် ငလျင်ဒဏ်သင့် အဆောက်ဦ ပျက်တွေအောက် ပစ္စည်းတွေ လာရောက်ရှာဖွေသူတွေလည်း ရှိနေလို့ လုံခြုံရေး အကူအညီ တောင်းခံတာတွေလည်းတွေ့နေရပါတယ်။ ဒီသတင်းကို မသင်းသင်းနွယ်က ပြောပြမှာပါ။