စဉ့်ကူးမြို့ကို PDF နဲ့ မဟာမိတ်တွေ ထိန်းချုပ်
စဉ့်ကူးမြို့ကို PDF နဲ့ မဟာမိတ်တွေ ထိန်းချုပ်
ရေးသားခဲ့သည်။
မန္တလေးတိုင်းက စဥ့်ကူးမြို့ကို မန္တလေး ပီဒီအက်ဖ်နဲ့ ပူးပေါင်းတပ်တွေက ထိန်းချုပ်လိုက်ပြီး မြို့တွင်းက စစ်ကောင်စီ အုပ်ချုပ်ရေး ဝန်ထမ်းတချို့လည်း သုံ့ပန်းအဖြစ် ဖမ်းဆီးရမိတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်နေတဲ့ စဥ့်ကူးမြို့ရဲစခန်း အချုပ်ကနေ လွတ်မြောက်လာသူတွေလည်း ရှိနေသလို တိုက်ပွဲတွေကြောင့် မြို့တွင်း အပျက်အစီးတွေနဲ့ ပြည့်နှက်နေပါတယ်။ စဥ့်ကူးကို စစ်ကောင်စီလက်လွှတ်လိုက်ရပြီလား။ အပြည့်အစုံကို ကိုမောင်က ပြောပြမှာပါ။



