ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အောက်တိုဘာ ၇ တိုက်ခိုက်မှုနဲ့ ဟားမတ်စ် သဘောထား
အောက်တိုဘာ ၇ တိုက်ခိုက်မှုနဲ့ ဟားမတ်စ် သဘောထား
ရေးသားခဲ့သည်။
ဟားမတ်စ် အဖွဲ့ဟာ ရှားရှားပါးပါး သတင်းစာရှင်းလင်းပွဲကို လက်ဘနွန်နိုင်ငံ မြို့တော် ဘေရွတ်မှာ မနေ့က ကျင်းပခဲ့ပါတယ်။ အောက်တိုဘာ ၇ ရက်နေ့မှာ လုပ်ခဲ့တဲ့ တိုက်ခိုက်မှုဟာ သူတို့ရဲ့ စစ်ဆင်ရေး တစ်ခုသာဖြစ်ပြီး အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်မှု မဟုတ်ဘူးလို့ ဟားမတ်စ်အဖွဲ့ ပြောရေးဆိုခွင့် ရှိသူက ပြောပါတယ်။ ဒီတိုက်ခိုက်မှုကြောင့် အရပ်သား ၁၄၀၀ သေဆုံးခဲ့ရပြီး၊ လူ၂၀၀ ကျော်ကို ဟားမတ်စ်က ဓားစာခံအဖြစ် ဖမ်းဆီးထားတယ်လို့ အစ္စရေး ဘက်က ပြောပါတယ်။ ဘီဘီစီ အရှေ့အလယ်ပိုင်း သတင်းထောက် ဟျူဂို ဘရှေးဂါးက ဟားမတ်စ် အဖွဲ့ပြောရေးဆိုခွင့်ရှိသူကို တွေ့ဆုံမေးမြန်းထားပါတယ်။