ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ချင်း လက်နက်ကိုင် အဖွဲ့တွေအကြား အပြန်အလှန် တိုက်ခိုက်မှုတွေရှိနေ
ချင်း လက်နက်ကိုင် အဖွဲ့တွေအကြား အပြန်အလှန် တိုက်ခိုက်မှုတွေရှိနေ
ရေးသားခဲ့သည်။
ချင်းပြည်နယ် မတူပီမြို့သိမ်းတိုက်ပွဲအတွင်း ချင်းလူမျိုးလက်နက်ကိုင်အဖွဲ့အချင်းချင်းကြား တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပြီး နှစ်ဖက် ထိခိုက်သေဆုံးတာတွေပါ ရှိခဲ့ပါတယ်။ ချင်းညီနောင်များအဖွဲ့ Chin Brotherhood အဖွဲ့နဲ့ ချင်းအမျိုးသားတပ်မတော် CNA ဦးဆောင်တဲ့ ချင်းပြည်ကောင်စီတို့ကြား တိုက်ပွဲတွေရပ်ဖို့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ရမယ်လို့ ချင်းညီနောင်အဖွဲ့ဘက်က တောင်းဆိုထားပါတယ်။ ချင်းလက်နက်ကိုင်အဖွဲ့တွေရဲ့ အခြေအနေကို မစန္ဒာဝင်းက ပြောပြပေးမှာပါ။