ဂါဇာမှာ အကူအညီတွေ လိုအပ်နေလို့ ကုလသမဂ္ဂပြော
ဂါဇာမှာ အကူအညီတွေ လိုအပ်နေလို့ ကုလသမဂ္ဂပြော
ရေးသားခဲ့သည်။
ဂါဇာမြောက်ပိုင်းကို စစ်ဘေးရှောင်ပြေးခဲ့ရတဲ့ ဂါဇာဒေသခံ ထောင်ပေါင်းများစွာ ပြန်လည် ဝင်ရောက်လာကြဖို့ ရှိပါတယ်။ ဂါဇာထဲမှာ တပ်စွဲထားကြတဲ့ အစ္စရေး တပ်ဖွဲ့တွေကိုလည်း ပြန်လည် ရုပ်သိမ်းပေးနေကြပြီ ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ ကုလသမဂ္ဂကလည်း ဂါဇာထဲမှာ လူမှု အကူအညီတွေ အင်မတန်မှ လိုအပ်နေတယ်လို့ ဆိုပါတယ်။ တနင်္ဂနွေနေ့က အပစ်ရပ်ပြီးနောက်မှာ ဂါဇာထဲကို ပါလက်စတိုင်းတွေ ပြန်လည် ဝင်ရောက်လာကြပေမဲ့ သူတို့ နေထိုင်ရာ အိုးအိမ်တွေက ပျက်စီးနေပါပြီ။ ဂါဇာ ကျန်းမာရေး အာဏာပိုင်တွေကလည်း ပျောက်ဆုံးနေတဲ့သူပေါင်း ၁၀,၀၀၀ လောက် ရှိမယ်လို့ ခန့်မှန်းထားကြပါတယ်။ ဂျေရုဆလင်မြို့က ဖာဂါကီးန် ပေးပို့ထားတဲ့ သတင်းကို မသီဒါနွယ်က ပြောပြမှာပါ။



