ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
စစ်ကောင်စီရဲ့ ခေါပုတ်စခန်းကို ပူးပေါင်းတပ်တွေ သိမ်းပိုက်
ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်မှာ အခြေစိုက်တဲ့ စစ်ကောင်စီတပ်ရဲ့ ခေါပုတ်စခန်းကို KNLA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ အောက်တိုဘာ ၂၉ ရက်က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် အဲဒီစခန်းကနေ ထွက်ခွာသွားတဲ့ စစ်ကောင်စီတပ်တွေကို လိုက်လံတိုက်ခိုက်ရင်း နိုဝင်ဘာ ၃ ရက်က ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီတပ်တွေဘက်က ထိခိုက်သေဆုံးမှုများခဲ့သလို တပ်သား အများအပြားကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဖမ်းဆီးလိုက်ပါတယ်။ တတော်လှန်ရေး တပ်တွေ သိမ်းပိုက်လိုက်တဲ့ စစ်ကောင်စီရဲ့ ခေါပုတ်စခန်းဟာ ဒေသတွင်းမှာ စစ်ရေးအရ ဘယ်လိုအရေးပါနေပါလဲ။ သတင်းအပြည့်အစုံကို မစန္ဒာဝင်းက ပြောပြမှာပါ။