စစ်ဘက် ရာထူးပြောင်းလဲမှုတွေ ထပ်မံ လုပ်ဆောင်

စစ်ဘက် ရာထူးပြောင်းလဲမှုတွေ ထပ်မံ လုပ်ဆောင်
ရေးသားခဲ့သည်။

စစ်ကောင်စီဟာ ဗိုလ်ချုပ်ကြီး တင်အောင်စန်းကို ကာကွယ်ရေးဝန်ကြီးရာထူးကနေ ဖယ်ရှားလိုက်ပြီး နိုင်ငံတော်ဝန်ကြီးချုုပ်ရုံး ဝန်ကြီးအဖြစ် ပြောင်းရွှေ့ခန့်အပ်လိုက်ပါတယ်။ ကာကွယ်ရေးဝန်ကြီးတာဝန်ကိုတော့ ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး မောင်မောင်အေးကိုခန့်အပ်လိုက်ပါတယ်။ နောက်ပြီး စစ်တပ်မှာ နံပတ်၃ နေရာလို့ သတ်မှတ်ကြတဲ့ ညှိနှိုင်းရေးနဲ့ ကွပ်ကဲရေးမှူး နေရာကိုလည်း ဒုတိယဗိုလ်ချုပ်ကြီးကျော်စွာလင်းကို ခန့်အပ်လိုက်ပါတယ်။ ဒီလိုပြောင်းလဲခန့်အပ်မှုတွေက ဘယ်လိုသဘောဆောင်ပါလဲ။ ကိုဇေယျာက ပြောပြပေးထားပါတယ်။