ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
စစ်ကိုင်းတိုင်းမှာ စစ်ကြောင့် ၇ လအတွင်း အရပ်သား ၅၀၀ ခန့် သေဆုံး
စစ်ကိုင်းတိုင်းမှာ စစ်ကြောင့် ၇ လအတွင်း အရပ်သား ၅၀၀ ခန့် သေဆုံး
ရေးသားခဲ့သည်။
စစ်ရေး ပဋိပက္ခတွေ ပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်းမှာ ဒီ ၂၀၂၄ ခုနှစ်ရဲ့ ၇ လအတွင်း အရပ်သား သေဆုံးမှု လူ ၅၀၀ ခန့် ရှိခဲ့ပြီး လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်လို့ သေဆုံးမှုများတယ်လို့ Data for Myanmar အဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။ အဲဒီလို သေဆုံးမှု အများဆုံးဖြစ်ပေါ်ခဲ့တဲ့ မြင်းမူနဲ့ မုံရွာဒေသတွေမှာ တိုက်ပွဲမရှိဘဲ လက်နက်ကြီးကျည်ကြောင့် သေဆုံးမှုတွေ ဆက်တိုက်ဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အခုသတင်းထဲမှာ စိတ်အနှောင့်အယှက် ဖြစ်စရာတွေ ပါကြောင်း ကြိုတင် အသိပေးအပ်ပါတယ်။ မစန္ဒာဝင်းက စုစည်း ပြောပြပါမယ်။