ကောလင်း ကုန်စည် လမ်းကြောင်းတချို့ ပိတ်ဆို့ခံထားရ
ကောလင်း ကုန်စည် လမ်းကြောင်းတချို့ ပိတ်ဆို့ခံထားရ
ရေးသားခဲ့သည်။
ကောလင်းမြို့ကို ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက နိုဝင်ဘာ ၆ရက်မှာ သိမ်းခဲ့ပြီး တလအကြာမှာ ပြည်သူ့အုပ်ချုပ်ရေးမြို့အဖြစ် NUGက ကြေညာပြီးနောက်ပိုင်း ကုန်စည်စီးဆင်းမှု လမ်းကြောင်းတချို့ ပိတ်ဆို့ ဖြတ်တောက်ခံရတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။ လက်ရှိအချိန်မှာလည်း ဘဏ်လုပ်ငန်း ငွေကြေးစီးဆင်းမှုတွေ မရှိသေးဘူးလို့ သိရပါတယ်။ အကြောင်းစုံကို ကိုဘိုဘိုက ပြောပြပေးမှာပါ။



