ရူပီးနဲ့ ကျပ် တိုက်ရိုက် ပေးချေနိုင်ဖို့ စစ်ကောင်စီ ပြင်ဆင်
ရူပီးနဲ့ ကျပ် တိုက်ရိုက် ပေးချေနိုင်ဖို့ စစ်ကောင်စီ ပြင်ဆင်
ရေးသားခဲ့သည်။
စစ်ကောင်စီဟာ ပြည်တွင်းမှာ အမေရိကန် ဒေါ်လာလိုအပ်ချက်တွေ လျှော့ချဖို့ ပြည်ပနိုင်ငံတွေနဲ့ကုန်သွယ်မှုမှာ တရုတ်ယွမ်၊ ထိုင်းဘတ်တွေနဲ့ တိုက်ရိုက်ငွေပေးချေဖို့ ကြိုးစားခဲ့သလို အခု အခါ အိန္ဒိယနိုင်ငံ သုံး ရူးပီးငွေနဲ့ ပေးချေမယ့် စနစ်ကို စတင် ကျင့်သုံးလာပါတယ်။ ဒါပေမဲ့ ကုန်သွယ်မှုအပိုင်းမှာ အခက်အခဲတွေ ဆက်ရှိနေသလို ဒေါ်လာငွေကြေးလိုအပ်မှုကိုလည်း လက်တွေ့ လျှော့ချ ဖြေရှင်းနိုင်တာမရှိဘူးလို့ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ကုန်သည်တွေက ပြောပါတယ်။ အကြောင်းစုံကို ကိုဘိုဘိုက ပြောပြပေးမှာပါ။



