အာဆီယံ ထိပ်သီးအစည်းအဝေး စစ်ကောင်စီ ကိုယ်စားလှယ်စေလွှတ်

အာဆီယံ ထိပ်သီးအစည်းအဝေး စစ်ကောင်စီ ကိုယ်စားလှယ်စေလွှတ်
ရေးသားခဲ့သည်။

စစ်ကောင်စီဟာ လာအိုနိုင်ငံ ဗီယန်ကျင်းမြို့မှာ ကျင်းပတဲ့ အာဆီယံထိပ်သီးအစည်းအဝေးကို တက်ရောက်ဖို့အတွက် နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်ကျော်မိုးကို ကိုယ်စားလှယ်အဖြစ် စေလွှတ်လိုက်ပါတယ်။ ဒါဟာ ထိပ်သီးအစည်းအဝေးတွေကနေ စစ်ခေါင်းဆောင်ကို ဖယ်ထုတ်ခဲ့တဲ့နောက် အာဏာသိမ်းကာလ သုံးနှစ်ကျော်အတွင်း ထိပ်သီးအစည်းအဝေးကို စစ်ကောင်စီက ကိုယ်စားလှယ် ပထမဆုံး စေလွှတ်တာလည်း ဖြစ်ပါတယ်။ မြန်မာအရေးနဲ့ ပတ်သက်ပြီး အာဆီယံရဲ့ သဘောထား ဘယ်လိုရှိနိုင်ပါလဲ။ ကိုမောင်က ပြောပြမှာပါ။