တရုတ်အထူးကိုယ်စားလှယ် မြန်မာနိုင်ငံရောက်
တရုတ်အထူးကိုယ်စားလှယ် မြန်မာနိုင်ငံရောက်
ရေးသားခဲ့သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ရုရှားနိုင်ငံခရီးစဥ်အပြီးနောက်တရက်မှာ တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူးကိုယ်စားလှယ်ရောက်လာခဲ့ပြီး မနေ့တုန်းက မြန်မာနိုင်ငံခြားရေးဝန်ကြီးဦးသန်းဆွေနဲ့ တွေ့ဆုံခဲ့သလို ဒီညနေမှာလည်း စစ်ခေါင်းဆောင်နဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။ ရွေးကောက်ပွဲကျင်းပရေး ကြိုတင်ပြင်ဆင်မှုတွေ၊ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးမှာ တရုတ်နဲ့ ပူးပေါင်းဆောင်ရွက်မှု၊ နယ်စပ်ကုန်သွယ်ရေး ကိစ္စတွေ ဆွေးနွေးတယ်လို့ နိုင်ငံပိုင်မီဒီယာတွေမှာ ဖော်ပြပါတယ်။ ဒီခရီးစဥ်အတွင်း တရုတ်နိုင်ငံ ကြားဝင်ဆောင်ရွက်ပေးနေတဲ့ စစ်ကောင်စီနဲ့ မြောက်ပိုင်းလက်နက်ကိုင်တွေကြား တွေ့ဆုံမယ့် ဆွေးနွေးပွဲတွေလည်း ဆွေးနွေးဖွယ်ရှိတယ်လို့ သုံးသပ်နေကြပါတယ်။ ဒီအကြောင်းကို ကိုမောင် က ပြောပြမှာပါ။



