မရမ်းကုန်းပစ်ခတ်မှုနောက်ပိုင်း စစ်ဆေးဖမ်းဆီးမှုတွေလုပ်

မရမ်းကုန်းပစ်ခတ်မှုနောက်ပိုင်း စစ်ဆေးဖမ်းဆီးမှုတွေလုပ်
ရေးသားခဲ့သည်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၂ ရက်က မရမ်းကုန်းမြို့နယ်ထဲမှာ စစ်ကောင်စီရဲ့ စစ်ဘက်ရေးရာ လုံခြုံရေးအဖွဲ့ (စရဖ)က ဗိုလ်မှူးတစ်ဦး သေနတ်နဲ့ ပစ်ခတ်ခံရပြီးတဲ့နောက်ပိုင်း အဲဒီ ဖြစ်စဥ်နဲ့ ဆက်စပ်မှု ရှိနိုင်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မရမ်းကုန်းမြို့နယ်ထဲက အမှတ် ၂ ရပ်ကွက်၊ မုဒိတာ အိမ်ရာ တစ်ဝိုက်ကို စစ်ကောင်စီတပ်တွေက စစ်ဆင်ရေး ပုံစံတစ်ရပ်အနေနဲ့ စစ်ဆေးမှုတွေ၊ ဖမ်းဆီးမှုတွေ လုပ်ဆောင်နေပါတယ်။ အဲဒီအခြေအနေတွေကို ကိုသန့်ဇင်က ပြောပြမှာပါ။