မန္တလေးမှာ ရှော့တိုက်ဒုံးတွေ ကျရောက်ပေါက်ကွဲ
မန္တလေးမှာ ရှော့တိုက်ဒုံးတွေ ကျရောက်ပေါက်ကွဲ
ရေးသားခဲ့သည်။
မန္တလေးမြို့အတွင်းမှာ ဒီနေ့မနက်က ရှော့တိုက်ဒုံးတွေ ကျရောက်ပေါက်ကွဲခဲ့ပြီး ထိခိုက်ဒဏ်ရာရတာတွေ ပျက်စီးတာတွေ ရှိခဲ့ပါတယ်။ ဒီပစ်ခတ်မှုဟာ ၁၀၂၇ စစ်ဆင်ရေးအပိုင်း ၂ မှာ အဓိက ကျတဲ့ စစ်ကောင်စီရဲ့ တိုင်းစစ်ဌာနချုပ်နှစ်ခုထဲက လက်ကျန် အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်ကို ဦးတည် ပစ်ခတ်တာလို့ ဒီပစ်ခတ်မှုကိုပြုလုပ်တဲ့အဖွဲ့က ထုတ်ပြန်လာပါတယ်။ ဒါဟာ တစ်ပတ်အတွင်း မန္တလေးနန်းတွင်းကို နှစ်ကြိမ်မြောက် ဦးတည်တိုက်ခိုက်ခံရတာ ဖြစ်တဲ့အပြင် မန္တလေးမြို့အနီးမှာလည်း တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပေါ်နေပါတယ်။ ကိုဘိုဘိုက ပြောပြပါမယ်။



