ဟားမတ်စ်ချေမှုန်းရေး တိုက်ခိုက်မှုတွေ ဆက်လုပ်မယ်လို့ အစ္စရေး ဝန်ကြီးချုပ်ကပြော

ဗီဒီယို ပုံစာ, ဟားမတ်စ်ချေမှုန်းရေး တိုက်ခိုက်မှုတွေ ဆက်လုပ်မယ်လို့ အစ္စရေး ဝန်ကြီးချုပ်ကပြောကြားနေ
ဟားမတ်စ်ချေမှုန်းရေး တိုက်ခိုက်မှုတွေ ဆက်လုပ်မယ်လို့ အစ္စရေး ဝန်ကြီးချုပ်ကပြော
ရေးသားခဲ့သည်။

အစ္စရေး သိမ်းပိုက်ထားတဲ့ အနောက်ဖက်ကမ်းဒေသမှာလည်း အကြမ်းဖက်မှုတွေ ရှိနေပါတယ်။ အစ္စရေး စစ်တပ်က ဂျနင်းမြို့မှာ ၃ ရက်မြောက် စစ်ဆင်ရေးတွေ ဆက်လုပ်နေပါတယ်။ ပါလက်စတိုင်း ၅၀၀ ကျော်ကို ဖမ်းဆီးခဲ့ပြီး အများစုကို စစ်ဆေးမေးမြန်းပြီးနောက်မှာ ပြန်လွှတ်ခဲ့တယ်လို့ ပါလက်စတိုင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။ ဂျနင်းမြို့မှာ ရောက်နေတဲ့ ဘီဘီစီ သတင်းထောက် လူစီ ဝီလီယံဆန်ရဲ့ သတင်းကို မသီဒါနွယ်က ပြောပြပေးမှာပါ။ ဒီသတင်းထဲမှာ စိတ်အနှောင့်အယှက်ဖြစ်စရာ ပုံရိပ်တွေ ပါဝင်ကြောင်း ကြိုတင် အသိပေးအပ်ပါတယ်။