ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မိုးကုတ် အနောက်ပိုင်းကို TNLA ထိန်းချုပ်နိုင်ပြီလား
မိုးကုတ် အနောက်ပိုင်းကို TNLA ထိန်းချုပ်နိုင်ပြီလား
ရေးသားခဲ့သည်။
ရှမ်းပြည်မြောက်ပိုင်း နဲ့ မန္တလေးတိုင်း အစပ်နားက မြို့နယ်တွေကို တအန်းတပ်မတော် TNLA နဲ့ မန္တလေး ပီဒီအက်ဖ် အပြင် တခြား တော်လှန်ရေးအဖွဲ့တွေ ပူးပေါင်းထိုးစစ်ဆင်နေတာ လေးရက်မြောက်ရှိလာပါပြီ။ ဒီစစ်ဆင်ရေးကို TNLA ဘက်က ၁၀၂၇ စစ်ဆင်ရေး အပိုင်းနှစ်လို့ ထုတ်ပြန်ထားပါတယ်။ တိုက်ပွဲတွေကြောင့် လူ ၂၄ ယောက်ထက် မနည်း ထိခိုက် သေဆုံးခဲ့ရပြီး၊ အရပ်သားတွေလည်း ပိတ်မိနေပါတယ်။ TNLA နဲ့ ပူးပေါင်းအဖွဲ့တွေဟာ မိုးကုတ် အနောက်ဘက်ခြမ်းကို ထိန်းချုပ်ထား တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီက အခြေအနေတွေကို မစန္ဒာဝင်းက ပြောပြပေးမှာပါ။