ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဂါဇာမှာ အရပ်သား ၁၀၀ ကျော် သေဆုံးမှု စုံစမ်း စစ်ဆေးဖို့ တောင်းဆို
ဂါဇာထဲမှာ စားနပ်ရိက္ခာကူညီဖြန့်ဖြူးမှုတွေကို တန်းစီ စောင့်ဆိုင်းနေတဲ့ ပါလက်စတိုင်း အရပ်သား ၁၀၀ ကျော်သေဆုံးခဲ့ရမှု အတွက် လွတ်လပ်စွာ စုံစမ်းစစ်ဆေးဖို့ ပြင်သစ်နိုင်ငံက တောင်းဆိုလိုက်ပါတယ်။ အခင်း ဖြစ်ပွားရာ နေရာမှာ အစ္စရေး စစ်တပ်က ပစ်ခတ်မှုတွေ လုပ်ခဲ့တာ ဆိုပြီး ပါလက်စတိုင်း တာဝန်ရှိသူတွေက ပြောဆိုပါတယ်။ ဒါပေမဲ့ အစ္စရေးဘက်ကတော့ ဒါကို ငြင်းဆိုထားပြီး ပြန်လည် ခြိမ်းခြောက်မှုတွေ ဖြစ်လာမှာကို စိုးရိမ်တဲ့ အတွက် ပစ်ခတ်မှု တချို့လုပ်ခဲ့ကြောင်း ပြောဆိုပါတယ်။ ထောက်ပံ့ရေး လော်ရီကားတွေကို ဝိုင်းလာတဲ့ လူအုပ်ကြီးဟာ အချင်းချင်း နင်းမိပြီး သေဆုံးခဲ့ရတာ ဖြစ်တယ်လို့လည်း တုံ့ပြန် ပြောဆိုပါတယ်။ ဘီဘီစီ သတင်းထောက် ဖာဂယ် ကင်း ရဲ့ သတင်းကို ကိုဇေယျာက ပြောပြပေးမှာပါ။ ဒီသတင်းထဲမှာ စိတ်အနှောင့်အယှက်ဖြစ်စရာ ပုံရိပ်တွေ ပါဝင်နိုင်ကြောင်း ကြိုတင် အသိပေးအပ်ပါတယ်။