ရွှေဆိုင်တွေမှာ ရွှေအပိုင်းအစ ဝယ်သူတွေ တန်းစီနေ

ရွှေဆိုင်တွေမှာ ရွှေအပိုင်းအစ ဝယ်သူတွေ တန်းစီနေ
ရေးသားခဲ့သည်။

ပြည်တွင်းရွှေစျေးကွက်မှာ ရွှေစျေးတွေ တရိပ်ရိပ်တက်ခဲ့ရာမှာ ရွှေတစ်ကျပ်သားကို ကျပ် သိန်း ၆၀ နီးပါး စျေးဖြစ်သွားခဲ့ချိန်မှာ ရွှေစျေး မတည်ငြိမ်အောင်လုပ်တယ်ဆိုပြီး စစ်ကောင်စီက ရွှေလုပ်ငန်းရှင်တချို့ကို ဖမ်းဆီး၊ နာမည်ကြီး ရွှေဆိုင်ပိုင်ရှင် ၁၀ ဦးကို ဖမ်းဝရမ်း ထုတ်ခဲ့အပြီး အခုအခါမှာတော့ ပြည်တွင်း ရွှေစျေး အနည်းအပါး ပြန်ကျသွားခဲ့ပါတယ်။ သတ်မှတ်စျေးနှုန်းနဲ့ မဖြစ်မနေ ဆိုင်ဖွင့်လှစ် ရောင်းချဖို့ ရွှေဆိုင်တွေကို ညွှန်ကြားခဲ့ပြီးတဲ့နောက် ရန်ကုန်နဲ့ မန္တလေးက ရွှေဆိုင်တချို့မှာ ရွှေအပိုင်းအစတွေကို တန်းစီ ဝယ်ယူကြတဲ့အထိ ဖြစ်ခဲ့ပါတယ်။ မသူဇာလင်းက ပြောပြမှာပါ။