မိုခါ မုန်တိုင်း အကြို စစ်တွေမြို့က ကြိုတင်ပြင်ဆင်မှု

ဗီဒီယို ပုံစာ, မိုခါ မုန်တိုင်း အကြို စစ်တွေမြို့က ကြိုတင်ပြင်ဆင်မှု
ရေးသားခဲ့သည်။

ဘင်္ဂလား ပင်လယ်အော် အရှေ့တောင်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ ဆိုင်ကလုန်း မုန်တိုင်း မိုခါ ဟာ တစ်ရက်ထက် တစ်ရက် မြန်မာ့ ကမ်းရိုးတန်းနဲ့ နီးကပ်လာနေတာကို ဂြိုဟ်တု ဓာတ်ပုံတွေ ကနေ မြင်တွေ့နေရပါတယ်။

ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ့ကမ်းရိုးတန်းကို ဦးတည် ရွေ့လျားနေတဲ့ အတွက် ဒီမုန်တိုင်းကို မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက လိမ္မော်ရောင် အဆင့် သတ်မှတ်ထားပါတယ်။

စစ်တွေမြို့အနီးကို ဝင်ရောက် ဖြတ်သန်းမယ့် မိုခါမုန်တိုင်းရဲ့ ပြင်းအားနဲ့ လေတိုက်နှုန်း အခြေအနေ အပါအဝင် ရခိုင်ပြည်နယ်က လူတွေ မုန်တိုင်းအတွက် ဘယ်လို ပြင်ဆင်ထားကြပါသလဲ။ ဧရာဝတီတိုင်းနဲ့ မကွေးတိုင်းဘက်က ဒေသခံတွေဟာလည်း မုန်တိုင်း အရှိန်ကြောင့် ရေကြီးမှာ၊ လေပြင်းတိုက်မှာကို စိုးရိမ်တဲ့ အတွက် နေရာ ရွှေ့ပြောင်းတာတွေလည်း ရှိနေပါတယ်။ မညိုလဲ့ရည်က ပြောပြထားပါတယ်။