မိုခါ မုန်တိုင်း လူ ၁၇ သန်း အပေါ် သက်ရောက်မှု ရှိနိုင်
ရေးသားခဲ့သည်။
မိုခါမုန်တိုင်းဟာ ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ပြောင်းလဲပြီး ရခိုင်ပြည်နယ်ကို ဖြတ်သန်း ဝင်ရောက်မယ်လို့ မိုးလေဝသပညာရှင်တွေက ပြောကြားပါတယ်။ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ ချင်းပြည်နယ် အပါအဝင် ပြည်နယ်နဲ့တိုင်းအချို့က လူ ၁၇ သန်းလောက်ဟာ မုန်တိုင်းဒဏ် သက်ရောက်မှုရှိနိုင်တယ်ဆိုပြီး ကုလသမဂ္ဂ စားနပ်ရိက္ခာအဖွဲ့ WFP ကလည်း ခန့်မှန်းထားပါတယ်။
မုန်တိုင်းဒဏ် တိုက်ရိုက် သက်ရောက်မှု ရှိနိုင်တဲ့ ရခိုင်ပြည်နယ်မှာတော့ ဒေသခံတွေဟာ ကြိုတင်ကာကွယ်မှုတွေကို ကိုယ်ပိုင် အစီအစဉ်နဲ့သာ လုပ်ဆောင်နေကြရပါတယ်။ ကိုမြင့်လွင်က ပြောပြပေးထားပါတယ်။