ပစ်ခတ် တိုက်ခိုက်မှုတွေ ဆက်ရှိနေတဲ့ မန္တလေးမြို့

ဗီဒီယို ပုံစာ, ပစ်ခတ် တိုက်ခိုက်မှုတွေ ဆက်ရှိနေတဲ့ မန္တလေးမြို့
ရေးသားခဲ့သည်။

မန္တလေးက စစ်အာဏာသိမ်းမှု ဆန့်ကျင် လှုပ်ရှားတဲ့ မြို့ပြပျောက်ကျားတွေဟာ ဒီလပိုင်းထဲမှာ ဆက်တိုက်ဖမ်းဆီးခံခဲ့ရပါတယ်။ ဒီအခြေအနေ ကြားထဲကပဲ စစ်ကောင်စီ ရဲ့ ဌာနဆိုင်ရာ နေရာတချို့မှာ ဗုံးဖောက်ခွဲ တိုက်ခိုက်မှုတွေလည်း ရှိခဲ့ပါတယ်။ ဒါ့အပြင် အမရပူရ မြို့နယ် ရဲစခန်းမှာ ဗုံးနဲ့ နှစ်ကြိမ် တိုက်ခိုက်ခံခဲ့ရသလို၊ စစ်ကောင်စီခန့် မြို့နယ် မြေစာရင်းဌာန ဒုတိယ ဦးစီးမှူးနဲ့ အရပ်အခေါ် ပျူစောထီး အဖွဲ့ဝင် ၂ယောက် ပစ်ခတ်ခံရလို့ သေဆုံးမှုတွေလည်း ရှိခဲ့ပါတယ်။ မန္တလေးမြို့က အခြေအနေကို ကိုထွေးက ပြောပြပေးမှာပါ။