သေဆုံးစစ်သားတွေအတွက် ရုရှား ဝမ်းနည်းပူဆွေးနေ
ရေးသားခဲ့သည်။
ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်က ယူကရိန်းနိုင်ငံအပေါ် ကျူးကျော်ဝင်ရောက်မှုကို အစီအစဉ်အတိုင်း လုပ်ဆောင်သွားမယ်လို့ ထပ်မံအတည်ပြုပြောဆိုပါတယ်။
ဒါပေမဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေဟာ ရုရှားနိုင်ငံရဲ့ စီးပွားရေး အထိနာစေတယ်လို့ ဝန်ခံခဲ့ပါတယ်။
သမ္မတ ပူတင်ရဲ့ စစ်ပွဲမှာ တိုက်ခိုက်ဖို့အတွက် ယူကရိန်းနိုင်ငံဆီ စေလွှတ်ခံခဲ့ရတဲ့ စစ်သား ထောင်နဲ့ချီရှိပြီး လူအသက်တွေ ပေးဆပ်ရတာတွေလည်း ရှိနေပါတယ်။
ဘီဘီစီ ရုရှားနိုင်ငံဆိုင်ရာ ဒယ်ဒီတာ Steve Rosenberg က နိုင်ငံအနောက်ပိုင်းမှာ လုပ်ခဲ့တဲ့ စစ်သားတယောက်ရဲ့ စျာပနကို သွားရောက်သတင်းယူခဲ့ပါတယ်။
ကိုမိုးမြင့် ပြန်ပြောပြပေးမှာပါ။