အာကာသမှာ မြင်ကွင်းကျယ် တွေ့ရမယ့် မှန်ပြောင်း
ရေးသားခဲ့သည်။
အာကာသကြည့် မှန်ပြောင်း တယ်လီစကုပ်တွေကို အာကာသထဲ တွင်းနက်ကြီးတွေ ဖွဲ့စည်းဖြစ်ပေါ်ပုံလိုမျိုး သိပ္ပံဆိုင်ရာ ဖြစ်ရပ်ကြီးတွေကို လေ့လာရာမှာ သုံးနိုင်ပါတယ်။
ဒါပေမဲ့ အဲဒီမှန်ပြောင်းတွေကနေမြင်ရနိုင်တဲ့ မြင်ကွင်းကတော့ မကြာသေးခင် အချိန်အထိ ကျဉ်းမြောင်းနေသေးပြီး အာကာသထဲက မမျှော်လင့်တဲ့ ထူးခြား ဖြစ်စဉ်တွေကို တွေ့မြင်နိုင်ဖို့လည်း ခက်ခဲပါတယ်။
ဒီတော့ ကျောက်ပုဇွန်ကြီးတွေရဲ့ မျက်လုံး အလုပ်လုပ်ပုံကို အတုယူပြီး နေရာကျယ်ကျယ်ကို ပိုမြင်ရနိုင်တဲ့ X- ray ရောင်ခြည် တယ်လီစကုပ်ကို ကမ္ဘာတဝန်းက သိပ္ပံ ပညာရှင်တွေ ဖန်တီး လိုက်ကြပါတယ်။
ဘယ်လို အတုယူဖန်တီးတာပါလဲ။ ကိုမင်းထက် ပြောပြပေးပါမယ်။