ရွေးကောက်ပွဲရလဒ် ယုံကြည်ရတယ်လို့ နိုင်ငံတကာဆို
ရေးသားခဲ့သည်။
ကိုဗစ်၁၉ ကပ်ဘေးအန္တရာယ်ကြားက ပြည်သူတွေ မဲပေးခဲ့ကြတဲ့ ၂၀၂၀ ရွေးကောက်ပွဲ ဒီကနေ့မှာ တနှစ် တင်းတင်း ပြည့်ခဲ့ပါပြီ။
ဒီရွေးကောက်ပွဲကို အကြောင်းပြုပြီး စစ်တပ်က အာဏာသိမ်းခဲ့ပေမယ့် ဒီရွေးကောက်ပွဲဟာ ပွင့်လင်းမြင်သာမှုရှိပြီး ယုံကြည်ရတယ်လို့ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့တွေကို ကိုကားပြီး အနိုင်ရပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပြင် အမေရိကန်နဲ့ ဥရောပ သမဂ္ဂတို့ကလည်း ဒီကနေ့မှာ ကြေညာချက်တွေ ထုတ်ပြန်ခဲ့ပါတယ်။
အပြည့်အစုံကိုတော့ ကိုနန္ဒက ဆက်ပြောပြပေးမှာပါ။