သမ္မတဘိုင်ဒန် အစိုးရလက်ထက် ပထမဆုံး ကုန်သွယ်ရေးကိစ္စဆွေးနွေး
ရေးသားခဲ့သည်။
ကပ်ရောဂါနဲ့ပတ်သက်လို့ အမေရိကန်နဲ့ တရုတ်နိုင်ငံကြား အမြင်မတူတာတွေကို ဘေးဖယ်ပြီး ကုန်သွယ်မှုဆက်ဆံရေးအတွက်
နှစ်နိုင်ငံက စေ့စပ်ညှိနှိုင်းရေးမှူးတွေ ပထမဆုံးတွေ့ဆုံခဲ့ကြပါတယ်။
နည်းပညာပိုင်းနဲ့ လူ့အခွင့်အရေးကိစ္စတွေနဲ့ ပတ်သက်ပြီး နှစ်နိုင်ငံ ရန်လိုတဲ့ဆက်ဆံရေး အမွေကို သမ္မတဘိုင်ဒန်က ဆက်ခံရတာပါ။
ဒီအခြေအနေကို ပြန်လည်ပြုပြင်ဖို့ တရုတ်အစိုးရဘက်က တောင်းဆိုပေမဲ့ သမ္မတဘိုင်ဒန် အာဏာရလာပြီး ပထမ လမှာ သူ့အစိုးရအဖွဲ့က ဒေါ်နယ် ထရမ့်ရဲ့ တင်းမာတဲ့သဘောထားအတိုင်းအတော်များများ ဆက်လက် ကျင့်သုံးခဲ့ပြီး ကမ္ဘာ့အင်အားကြီး နှစ်နိုင်ငံကြား ဆက်လက်တင်းမာနေတဲ့ လက္ခဏာတွေ ပြခဲ့ပါတယ်။
ဒီတော့ သမ္မတ ဘိုင်ဒန်က တရုတ်နဲ့ ဘယ်လို အပေးအယူပြု ဆက်ဆံမှာပါလဲ။ ဘီဘီစီသတင်းထောက် ကျောက်ယင်ဖန်း ရဲ့သတင်းကို မသီဒါနွယ် ပြောပြပေးပါမယ်။