ရန်ကုန်နဲ့ မကွေးမှာ မလိုအပ်ဘဲ ပြည်သူတွေ အပြင်မထွက်ဖို့ လူငယ်အဖွဲ့ တချို့သတိပေးခဲ့
ရေးသားခဲ့သည်။
ရန်ကုန်နဲ့ မကွေးမှာ မလိုအပ်ဘဲ ပြည်သူတွေ ဒီကနေ့ အပြင်မထွက်ကြဖို့ စစ်ကောင်စီသတင်းပေးတွေနဲ့ နီးနီးကပ်ကပ်မနေဖို့ လူငယ်အဖွဲ့ တချို့က မနေ့ညပိုင်းက သတိပေးစာ ထုတ်ပြန်ခဲ့ ပါတယ်။
အဲဒီလို ထုတ်ပြန်အပြီးမှာပဲ ဒီကနေ့ မနက်အစောပိုင်းကစလို့ ပေါက်ကွဲမှုတွေ၊ ပစ်ခတ်မှုတွေ ရှိခဲ့ပြီး လူသေဆုံးမှုတွေရှိခဲ့ပါတယ်။
တချို့ဒေသအချို့မှာ စစ်ကောင်စီ တပ်ဖွဲ့တွေကပစ်ခတ်လို့ အရပ်သား သေဆုံးတာတွေလည်း ထပ်ရှိနေပါတယ်။
နိုင်ငံတစ်ဝန်းက နောက်ဆုံးရအခြေအနေတွေကို မ၀င်းစန္ဒာဦး စုစည်းပြောပြပေးပါမယ်။