အဖျားငွေ့ငွေ့လေးရှိရင်တောင် အိမ်မှာဘဲနေဖို့လို အပါအဝင်ဘီဘီစီမြန်မာပိုင်း မနက်ခင်းသတင်းများ

အဖျားငွေ့ငွေ့လေး၊ ဒါမှမဟုတ် အသက်ရှုလမ်းကြောင်းဆိုင်ရာ တစုံတရာခံစားရတယ်လို့ လက္ခဏာ သေးသေးလေး၊ မစိုးရိမ်ရတဲ့ပုံစံမျိုးဆိုရင်တောင် အိမ်မှာဘဲနေ
ဓာတ်ပုံ ပုံစာ, အဖျားငွေ့ငွေ့လေး၊ ဒါမှမဟုတ် အသက်ရှုလမ်းကြောင်းဆိုင်ရာ တစုံတရာခံစားရတယ်လို့ လက္ခဏာ သေးသေးလေး၊ မစိုးရိမ်ရတဲ့ပုံစံမျိုးဆိုရင်တောင် အိမ်မှာဘဲနေ
ရေးသားခဲ့သည်။

အဖျားငွေ့ငွေ့လေးရှိရင်တောင် အိမ်မှာဘဲနေဖို့ ဗြိတိန်အစိုးရ တိုက်တွန်း

အဖျားငွေ့ငွေ့လေး၊ ဒါမှမဟုတ် အသက်ရှုလမ်းကြောင်းဆိုင်ရာ တစုံတရာခံစားရတယ်လို့ လက္ခဏာ သေးသေးလေး၊ မစိုးရိမ်ရတဲ့ပုံစံမျိုးဆိုရင်တောင် အိမ်မှာဘဲနေပြီး အပြင်မထွက်ဖို့အတွက် ဗြိတိန်အစိုးရက တိုက်တွန်း ထားပါတယ်။

အဲဒီလိုလုပ်ခြင်းအားဖြင့် ကိုယ်တိုင်ရောဂါကာကွယ်ထိန်းသိမ်းနိုင်ဖို့ ကွဲခြားနေခြင်းဖြင့် ကိုရိုနာဗိုင်းရပ်စ် ကူးစက် ပျံ့နှံ့မှုကိုထိန်းသိမ်းရာရောက်မှာပါလို့ ဗြိတိန်အစိုးရက ရည်ညွှန်းပြောဆိုပါတယ်။

အဲဒီလိုအိမ်မှာဘဲနေရင်လည်း ၁၀ရက်ကနေ ၁၄ရက်ကြာသည်အထိ နေဖို့လိုအပ်တယ်လို့ ဗြိတိန်အစိုးရ ကျန်းမာရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်က ပြောပါတယ်။

ဗီဒီယို ပုံစာ, ကိုရိုနာဗိုင်းရပ်စ် မကူးစက်ဖို့ အကောင်းဆုံး လက်ဆေးနည်း

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဗြိတိန်မှာ လူ ၅ဦးသေဆုံးသွားပါပြီ။ တနင်္လာနေ့အထိ ကူးစက်ခံ ထားရသူ ၃၁၉ ဦးအထိရှိနေပါပြီ။

ဒါအပြင့် တရုတ်ပြီးရင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုအများဆုံးရှိပြီး သေဆုံးမှုတွေလဲမြှင့်တက်နေတဲ့ အီတလီကို မလိုအပ်ရင်မသွားကြဖို့ကိုလည်း ဗြိတိန်နိုင်ငံခြားရေးရုံးက အသိပေးထားပါတယ်။

အီတလီကပြန်လာခဲ့တဲ့သူတွေအနေနဲ့လည်း ၁၄ရက်ကြာ ကိုယ်တိုင်သီးသန့်ခွဲနေဖို့လိုပ်အပ်တယ်လို့ ဗြိတိန်နိုင်ငံခြားရေးရုံးအရာရှိကပြောပါတယ်။

တရုတ်နိုင်ငံပြီးရင် အီတလီဟာ ဗိုင်းရပ်စ်ကြောင့် အဆိုးဆုံးအခြေအနေရိုက်ခတ်မှုအရှိဆုံးနိုင်ငံအဖြစ် ရင်ဆိုင်နေရ

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, တရုတ်နိုင်ငံပြီးရင် အီတလီဟာ ဗိုင်းရပ်စ်ကြောင့် အဆိုးဆုံးအခြေအနေရိုက်ခတ်မှုအရှိဆုံးနိုင်ငံအဖြစ် ရင်ဆိုင်နေရ

ခရီးမသွားဖို့နဲ့ လူထုအစုအဝေးတွေမလုပ်ဖို့ တနိုင်ငံလုံးကို အီတလီ ပိတ်ပင်လိုက်ပြီ

အီတလီကတော့ ကိုရိုနာဗိုင်းရပ်စ်အရေး တနိုင်ငံလုံးအနေအထားအရေးပေါ်အခြေအနေအဖြစ် သတ်မှတ်လိုက်ပြီးနောက် ခရီးသွားတာတွေ၊ လူထုအခမ်းအနားအစရှိတာတွေကို မလုပ်ကြဖို့အတွက် တားမြစ်လိုက် ပါပြီ။

အီတလီနိုင်ငံသားတွေ အိမ်မှာဘဲနေကြဖို့နဲ့ လိုအပ်မှ ခရီးသွားကြဖို့ရယ် ခရီးသွားခွင့် ကိုလည်း လိုအပ်မှသာခွင့်ပြုဖို့အတွက် အီတလီဝန်ကြီးချုပ် ကွန်တီ က တနင်္လာနေ့၊ မနေ့ကစပြီး အမိန့်ထုတ်ပြန်လိုက် ပါတယ်။

အခုလိုအစီအမံတွေက ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖြစ်လာနိုင်မယ့်အကျိုးဆက်တွေကို ကာကွယ်နိုင်မှာ ဖြစ်ပြီး၊ အချိန်အများကြီးမရတော့ဘူးလို့ ရုပ်သံကနေ ပြောကြားခဲ့ပါတယ်။

တနင်္လာနေ့မှာဘဲ ကိုရိုနာဗိုင်းရပ်စ်ကြောင့် အီတလီမှာသေဆုံးသူဦးရေ ၃၆၆ ယောက်ကနေ ၄၆၃ ယောက်အထိ တက်လာပါတယ်။ ၁၀၀ နီးပါးလောက်ကို တရက်တည်းနဲ့ တက်လာခဲ့ပါတယ်။ ဗိုင်းရပ်စ်ကူးစက်ခံခဲ့ရသူကတော့ ၉ထောင်ကျော်အထိရှိနေပါပြီ။

ဗီဒီယို ပုံစာ, စင်္ကာပူက ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်မှု

ဒီလိုသေဆုံးမှုအရေအတွက် တရက်တည်းနဲ့ အများဆုံးတက်လာတာကိုကြည့်ရင် တရုတ်နိုင်ငံပြီးရင် အီတလီဟာ ဗိုင်းရပ်စ်ကြောင့် အဆိုးဆုံးအခြေအနေရိုက်ခတ်မှုအရှိဆုံးနိုင်ငံအဖြစ် ရင်ဆိုင်နေရတာပါ။

တနင်္ဂနွေနေ့ကဆိုရင် ကူးစက်မှုရာခိုင်နှုန်းက ၂၄ရာခိုင်နှုန်းအထိမြှင့်တက်ခဲ့တယ်လို့ အီတလီအာဏာပိုင် တွေရဲ့ အချက်အလက်အရသိရပါတယ်။

အီတလီရဲ့ ပြည်နယ် ၂၀လုံးမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူတွေရှိနေပါပြီ။

ဖေဖော်ဝါရီလကုန်ပိုင်းကတည်းက စတင်ခဲ့တဲ့ ကွတ်ခိုင်မြို့နယ်အတွင်း မူးယစ်ဆေးဝါး ဖမ်းဆီးရေးလုပ်ငန်းကို ထပ်မံလုပ်ဆောင်ဦးမှာ

ဓာတ်ပုံ ရင်းမြစ်, CINCDS

ဓာတ်ပုံ ပုံစာ, ဖေဖော်ဝါရီလကုန်ပိုင်းကတည်းက စတင်ခဲ့တဲ့ ကွတ်ခိုင်မြို့နယ်အတွင်း မူးယစ်ဆေးဝါး ဖမ်းဆီးရေးလုပ်ငန်းကို ထပ်မံလုပ်ဆောင်ဦးမှာ

ကွတ်ခိုင်မှာ မူးယစ်ဆေးဖမ်းမိတာ ဒေါ်လာသန်း ၁၆၀ (ကျပ်ဘီလီယံ ၂၂၄) အထိရှိလာ

ဖေဖော်ဝါရီလ ၂၈ရက်နေ့ကနေ မတ်လ ၉ရက်နေ့အထိ ကွတ်ခိုင်မြို့နယ်အတွင်း မူးယစ်ဆေးဝါးနဲ့ ဆက်စပ် ပစ္စည်းတွေဖမ်းဆီးရမိတာက အမေရိကန်ဒေါ်လာ သန်း ၁၆၀ (ကျပ်ငွေဘီလီယံ ၂၂၄) အထိကိုရှိလာပါပြီ။

အဲဒီလိုဖမ်းမိတဲ့ထဲမှာ စိတ်ကြွရူးသွပ်ဆေးပြားအရေအတွက်က အပြား သိန်းပေါင်း တထောင့်တရာကျော် အထိရှိနေသလို၊ ဘိန်းဖြူ ဂရမ် ၂သောင်းနီးပါး၊ ဘိန်းညို ဂရမ် ၂သောင်း ၇ထောင် အပြင်အခြားဘိန်းနဲ့ ဆက်စပ်ပစ္စည်း၊ ထုတ်လုပ်ရာမှာအသုံးပြုတဲ့ ပစ္စည်းတွေအများအပြားပါဝင်ပါတယ်။

အခုဖမ်းမိတဲ့နေရာတွေကလည်း ကွတ်ခိုင်မြို့နဲ့ မိုင် ၂၀လောက်အကွာ တောတွင်းနေရာတွေမှာဖြစ်ပါတယ်။

အဲဒီလိုနေရာတွေကို ကွတ်ခိုင်က ပြည်သူတွေ အသွားအလာမရှိသလို၊ ရောက်ခဲ့ရင်လည်း လုံခြုံရေးအရ အာမခံချက်မရှိတဲ့ နေရာတွေဖြစ်ပြီး ပြည်သူ့စစ်တွေလှုပ်ရှားတဲ့နေရာမျိုးတွေလို့ ဒေသခံနဲ့ ဒေသခံအမတ် အချို့ထံက ဘီဘီစီက သိရပါတယ်။

ဗီဒီယို ပုံစာ, ဖိလစ်ပိုင်က မူးယစ်ဆေး တိုက်ဖျက်ရေး အရှိန်တက်လာ

တပ်မတော်ဘက်ကတော့ ဖေဖော်ဝါရီလကုန်ပိုင်းကတည်းက စတင်ခဲ့တဲ့ ကွတ်ခိုင်မြို့နယ်အတွင်း မူးယစ်ဆေးဝါး ဖမ်းဆီးရေးလုပ်ငန်းကို ထပ်မံလုပ်ဆောင်ဦးမှာလို့ ဘီဘီစီကိုပြောပါတယ်။

အခုလိုဖမ်းဆီးရမိနေတဲ့ ပမာဏ အပြင် ဆက်စပ်တွေ့ရှိနိုင်တာတွေရှိသလို၊ ထုတ်လုပ်သူအဓိကတရားခံတွေကိုလည်း ဖော်ထုတ်သွားမယ် လို့ ဘီဘီစီကိုပြောပါတယ်။

ဒေသခံအချို့နဲ့ ပြည်နယ်လွှတ်တော်အမတ်အချို့ကတော့ အခုမူးယစ်ဆေးလုပ်ငန်းတွေက စစ်အစိုးရလက် ထက်ကတည်းက ရှိနေတာလို့ ဆိုကြပါတယ်။

ဗီဒီယို ပုံစာ, ကိုလံဘီယာက မူးယစ်ဆေး တိုက်ပွဲ