တစ်ပါတီတည်း အစိုးရဖွဲ့နိုင်တဲ့ အရေအတွက်ထက် ပိုများပြီး အနိုင်ရထား
ရေးသားခဲ့သည်။
ယူကေနိုင်ငံရဲ့ အထွေထွေ ရွေးကောက်ပွဲမှာ ဘောရစ်ဂျွန်ဆင်ရဲ့ ကွန်ဆာဗေးတစ် ပါတီက နှစ်ပေါင်း သုံးဆယ်ကျော် အတွင်း ပါလီမန် အမတ် နေရာ အများစု အနိုင်ရသွားပါတယ်။
ပါလီမန် အမတ်နေရာစုစုပေါင်း ၆၅၀ နေရာမှာ ၆၄၉ နေရာ က ရလဒ်တွေ အရ ကွန်ဆာဗေးတစ်ပါတီက ၃၆၄ နေရာ အနိုင်ရပါတယ်။ ဒီအရေအတွက်ဟာ ပါတီ တစ်ခုတည်း အစိုးရဖွဲ့နိုင်ဖို့ လိုအပ်တဲ့ အရေအတွက်ထက် ပိုများပါတယ်။
ဒီတော့ ဗြိတိန်ဟာ အီးယူကနေ နုတ်ထွက်ဖို့ လူထု ဆန္ဒ ခံယူပွဲ လုပ်ခဲ့ အပြီး သုံးနှစ်အကြာ လာမယ့်နှစ်မှာ နုတ်ထွက်နိုင်မယ့် အခြေအနေရှိပါတယ်။
ကိုထွေးက ပြောပြပါမယ်။