ရိုဟင်ဂျာအရေးနဲ့ပတ်သက်လို့ မြန်မာကို ICC စုံစမ်းနိုင်ပေမဲ့ ဘယ်လိုအရေးယူနိုင်လဲ
ရေးသားခဲ့သည်။
ရခိုင်ပြည်နယ်မှာ ဖြစ်ခဲ့တဲ့ ပဋိပက္ခအတွင်း တပ်မတော်က ရိုဟင်ဂျာတွေကို သတ်ဖြတ်တာ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တာ၊ အတင်းအကြပ် ပြောင်းရွှေ့စေတာတွေ ကျူးလွန်တယ်ဆိုတဲ့ စွပ်စွဲခံရမှုတွေ အတွက် ကနဦး စစ်ဆေးမှုတွေ စတင်တော့မယ်လို့ ICC က ထုတ်ပြန်ထားပါတယ်။
အဲဒီတော့ ICC က မြန်မာကို ဘယ်လိုစုံစမ်းမလဲ၊ ဘယ်လိုအရေးယူဆောင်ရွက်နိုင်မလဲ။ အပြည်ပြည်ဆိုင်ရာ ဥပဒေပညာရှင်များ ကော်မရှင် ICJ - International Commission of Jurists ရဲ့ အကြီးတန်း ဥပဒေအကြံပေး ကင်းစလေ အဘော့ ကို ဘီဘီစီ အကြီးတန်းသတင်းထောက် စောရန်နိုင်က သီးသန့် တွေ့ဆုံမေးမြန်းထားပါတယ်။
ရိုက်ကူး - စံကျော်ထွန်း
#ဘီဘီစီမြန်မာပိုင်း #ICC #ရိုဟင်ဂျာ #မြန်မာ #ရခိုင် #လူ့အခွင့်အရေးချိုးဖောက်မှု