ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကိုဗစ်-၁၉ ဧပြီလ ၁၉ ရက် တနင်္ဂနွေ ညချမ်း နိုင်ငံတကာ ကိုရိုနာ ဗိုင်းရပ်စ် သတင်းများ
တောင်ကိုရီးယား မှာတော့ ကိုရိုနာ ဗိုင်းရပ်စ်မှု အသစ် ကူးစက်မှု ၈ ယောက်ပဲ ရှိ
တောင်ကိုရီးယား မှာတော့ ကိုရိုနာ ဗိုင်းရပ်စ် အသစ် ကူးစက်မှု ၈ ယောက်ပဲ ရှိခဲ့ပြီး၊ နှစ်လ အတွင်း အနည်းဆုံး လူအရေအတွက် ကူးစက်ခံရမှု ဖြစ်ပါတယ်။
ဒါ့အပြင် ကန့်သတ် စည်းကမ်း တွေ ဖြေလျော့ ပေးဖို့ ကိုလည်း တောင်ကိုရီးယား အစိုးရ က စဉ်းစား သုံးသပ် နေပါတယ်။
ဒါပေမယ့် ကူးစက် ရောဂါ နှိမ်နှင်းရေး ဌာန အကြီးအကဲ ဂျွန် အွန်ကျောင်း ကတော့ ခပ်ခွာခွာ နေဖို့ ဆိုတဲ့ စည်းကမ်း တွေကို လူတွေ လိုက်နာရဦးမှာ ဖြစ်တယ်လို့ ပြောပါတယ်။
လူ ၂ထောင်ကျော် ကို ကွာရန်တင်း လုပ်ထားပြီး ကုနေရဆဲ ပါ။ သူတို့ကို ကုသပေးနေတဲ့ ဆေးဝန်ထမ်းတွေ မနား ရသေးလို့ လူတွေ အနေနဲ့ ခပ်ခွာခွာ နေဖို့တော့ လိုဦးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဘုရားကျောင်းတွေ၊ စီးပွားရေး လုပ်ငန်းတွေ ဖြစ်တဲ့ စားသောက်ဆိုင်တွေနဲ့ အရက်ဆိုင်တွေကိုလည်း ပြန်ဖွင့် ခွင့် ပေးဖို့ ဆောင်ရွက်နေပါတယ်။
ဒါပေမယ့် သူတို့ဟာ Social distancing လို့ခေါ်တဲ့ လူတွေ အကြား ခပ်ခွာခွာနေဖို့ ဆိုတဲ့ စည်းမျဉ်း စည်းကမ်းတွေကိုတော့ မေလ အထိ လိုက်နာ ဆောင်ရွက် ရမှာပါ။
တောင်ကိုရီးယား နိုင်ငံ အနေနဲ့ ဗိုင်းရပ်စ် ကူးစက်ခံရမှု အများအပြား ရှိခဲ့ပေမယ့် လော့ဒေါင်းလို့ ခေါ်တဲ့ မြို့တွေ ဒေသတွေကို မပိတ်ဘဲ ထိန်းချုပ် နိုင်ခဲ့ပါတယ်။
လူစုလူဝေး မလုပ်ရ ဆိုတဲ့ စည်းကမ်း ကို ချိုးဖောက်ခဲ့တဲ့ ပါကစ္စတန် ဘာသာရေး ခေါင်းဆောင်
ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်မှုတွေကို စိုးရိမ်လို့ လူစုလူဝေး မလုပ်ရ ဆိုတဲ့ စည်းကမ်း ကို ချိုးဖောက်ခဲ့တဲ့ ပါကစ္စတန် ထိပ်တန်း ဘာသာရေး ခေါင်းဆောင် တစ်ယောက် ကို အစိုးရက အရေးယူဖို့ ပြင်ဆင် နေတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ သောကြာ နေ့တုန်း က တရားဟောဆရာ အဗ္ဗ်ဒူ အဇစ် က အစ္စလာမ် မားဘတ် မြို့က ဗလီနီမှာ လူစု လူဝေး နဲ့ ဝတ်ပြု ဆုတောင်းခဲ့တာပါ။ ဒါဟာ အန္တရာယ်ရှိတဲ့ ဗိုင်းရပ်စ် ကို ပြန့်ပွား အောင် လုပ်ဆောင် ခဲ့တာ လို့ အစိုးရ ဘက် က ပြောပါတယ်။
အဆိုပါ တရားဟော ဆရာ ဟာ ဗိုင်းရပ်စ် နဲ့ ပတ်သက်လို့ အစိုးရ ရဲ့ ကန့်သတ် ချက် တွေကို လူသိရှင်ကြား ဝေဖန်လေ့ ရှိသူလည်း ဖြစ်ပါတယ်။
ပါကစ္စတန် အစိုးရ ဘက်ကတော့ ကန့်သတ်ချက်တွေကို ဖြေလျော့ ပေးမှု အနေနဲ့ အစ္စလာမ် ဘာသာဝင် တို့ရဲ့ ရာမာဒန် ဥပုသ်လမှာ ဗလီ တွေမှာ ဝတ်ပြု ဆုတောင်း ခွင့် ပေးမယ်။ ဒါပေမယ့် ခွဲခြား နေရမယ် ဆိုတဲ့ စဉ်းမျဉ်း တွေကိုတော့ လိုက်နာ ရမယ်လို့ ဆိုထားပါတယ်။
ရုရှား မှာ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်မှု ထပ်မံ စံချိန်တင်။
ရုရှား နိုင်ငံမှာတော့ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်မှုတွေက ထပ်မံ စံချိန်တင် မြင့်တက် ခဲ့ပြန်ပါတယ်။
၂၄ နာရီ အတွင်းမှာ ကူးစက်ခံရသူ ခြောက်ထောင်ကျော် ကို တွေ့ရှိခဲ့ရပြီး။ တစ်နိုင်ငံလုံး အတိုင်းအတာ အနေနဲ့ ၄ သောင်း ၃ ထောင် ကျော်ရှိနေပြီ ဖြစ်ပါတယ်။
ဒါ့အပြင် ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ အရေအတွက်ကလည်း ၃၀၀ ကျော် ရှိသွားခဲ့ပါပြီ။
မော်စကိုမှာဆိုရင် ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ခံရမှုကနေ သက်သာသွားတဲ့ လူနာ တွေ ဆီက သွေးရည်ကြည် တွေ ပြန်ဝယ်ဖို့ စီစဉ်နေကြပါတယ်။
ကိုရိုနာ ဗိုင်းရပ်စ် ဟာ ရုရှား ကို စတင်ရောက်လာခဲ့ပြီး ကူးစက်မှု အမြင့်ဆုံး အချိန် ကို မကြာခင် ရောက်လာနိုင်တယ်လို့ အစိုးရ ဘက်ကလည်း ဝန်ခံထား ပါတယ်။
အီရန်မှာ ဈေးတွေ၊ ရှော့ပင်း စင်တာ တွေကို ပြန်ဖွင့်ခွင့် ပေးမယ။
အီရန် နိုင်ငံမှာ ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် ကန့်သတ် ပိတ်ဆို့မှုတွေကို ဖြေလျော့ ပေးတဲ့ အနေနဲ့ မနက်ဖြန်မှာ ဈေးတွေ၊ ရှော့ပင်း စင်တာ တွေကို ပြန်ဖွင့်ခွင့် ပေးမယ်လို့ အစိုးရ ဘက်က ပြောပါတယ်။
ကူးစက်မှု အန္တရာယ် နည်းပါးတဲ့ တချို့ စီးပွားရေး လုပ်ငန်းတွေကိုတော့ မနေ့ကတည်း က ပြန်လည် လုပ်ကိုင်ခွင့် ပေးခဲ့ပြီးလည်း ဖြစ်ပါတယ်။
ဒါပေမယ့် စားသောက်ဆိုင်တွေ၊ အားကစားခန်းမ တွေ၊ ကျောင်းတွေနဲ့ ဗလီတွေ ကိုတော့ ပိတ်ထားဦးမယ်လို့ အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။
Covid 19 ကြောင့် အီရန်မှာ လူ ၅၀၀၀ ကျော် သေဆုံး ခဲ့ရတယ်လို့ အစိုးရ ဘက် က ပြောပါတယ်။ ဒါပေမယ့် ဒီစာရင်း သေဆုံးသူ စာရင်းတွေကို လျော့ပြီး ထုတ်ပြန် ထားတယ်ဆိုတဲ့ စွပ်စွဲချက်တွေလည်း ရှိနေပါတယ်။
ထိုင်ဝမ်ရေတပ် သင်္ဘောသားဗိုင်းရပ်စ် တွေ့
ထိုင်ဝမ်ရေတပ် သင်္ဘောသား ၂၀ ကျော်မှာ ကိုဗစ် ၁၉ ဗိုင်းရပ်စ် ကို စစ်ဆေး တွေ့ ရှိခဲ့ရတယ်လို့ ဆိုပါတယ်။
ဒါကြောင့် ရေတပ် စစ်သည် ၇၀၀ ကျော် ကို သီးခြား ခွဲနေကြဖို့ အမိန့် ထုတ်ပြန် ခဲ့ရပါတယ်။
ဗိုင်းရပ်စ် ကူးစက် ခံရသူ၊ ရေတပ်သားတွေဟာ ပစိဖိတ် သမုဒ္ဒရာ ထဲက ပါလော့ ကျွန်း နိုင်ငံကို သွားရောက် ခဲ့ကြသူတွေလည်း ဖြစ်ပါတယ်။
လက်ရှိ အချိန်ထိ ထိုင်ဝမ်မှာ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ခံရသူ ၄၂၀ ကျော်ရှိနေပြီး။ သေဆုံးသူ တော့ မရှိသေးဘူးလို့ တာဝန်ရှိသူတွေက ပြောပါတယ်။
စပိန်မှာသုံးလ ကျော် သောင်တင်နေတဲ့ ဝူဟန် မြို့က မြို့ခံ ဘောလုံး အသင်း
တရုတ် နိုင်ငံ ဝူဟန် မြို့က မြို့ခံ ဘောလုံး အသင်းဟာ အခုအခါမှာတော့ စပိန် နိုင်ငံကနေ ပြန်လည် ရောက်ရှိလာပြီး သူတို့တွေကို လူတွေက သောင်းသောင်း ဖျဖျ ကြိုဆို ခဲ့ကြပါတယ်။
ဝူဟန် ဇော လို့ ခေါ်တဲ့ မြို့ အခြေစိုက် ဘောလုံး အသင်းဟာ ဗိုင်းရပ်စ် ကူးစက် ပျံ့နှံ့ချိန်မှာ စပိန် နိုင်ငံကို လေ့ကျင့်ရေး သွားရောက်နေခဲ့တာ ဖြစ်ပါတယ်။
စပိန်မှာ သုံးလ ကျော် သီးခြား ခွဲနေခဲ့ရပြီး။ မနေ့ကမှ ဝူဟန် မြို့ကို ပြန်ခွင့် ရခဲ့တာ ဖြစ်ပါတယ်။
မကြခင်မှာ သူတို့ဟာ ဘောလုံး လေ့ကျင့်ရေး ပြန်လည် စတင်ဖို့ စီစဉ်နေပါတယ်။ လက်ရှိ အချိန်မှာတော့ မိသားစုတွေ နဲ့ တွေ့ဆုံဖို့ သက်ဆိုင်ရာ အိမ်တွေကို ပြန်သွား ခဲ့ကြပါတယ်။
နယူးယောက် ပြည်နယ်မှာတော့ ဇွန်း အင်တာနက် ဗီဒီယို ကောကနေ တဆင့် တရားဝင် ထိမ်းမြှား လက်မှတ်ထိုးတဲ့ အစီအစဉ်ကို ပြည်နယ် အစိုးရ က ခွင့်ပြု ပေးခဲ့ပါတယ်။
အဝေးကနေ မင်္ဂလာ လက်မှတ်ထိုး တဲ့ အစီအစဉ် ကို အစိုးရ တာဝန်ရှိသူတွေက ခွင့်ပြုပေးဖို့ ပြည်နယ် အုပ်ချုပ်ရေးမှူး အန်ဒရိုး ကွိုမို ဟာ မနေ့က အတည်ပြု ပေးလိုက်တာ ဖြစ်ပါတယ်။
တရားဝင် ထိမ်းမြှား လက်မှတ် ရေးထိုးဖို့ အစိုးရ တာဝန်ရှိသူတွေထံ ကို လာစရာ မလိုတော့ဘဲ အွန်လိုင်း ကနေ လုပ် နိုင်ပြီ လို့လည်း ပြည်နယ် အုပ်ချုပ်ရေးမှူး က ပြောပါတယ်။
နယူးယောက်မှာ ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် အစိုးရ ရုံးမှာ မှတ်ပုံတင်ပြီး လက်ထပ် ကြတဲ့ ကိစ္စတွေကို မတ်လ အစောပိုင်းထဲက ပိတ်ထားခဲ့တာပါ။ အခုတော့ အွန်လိုင်း ကနေ လပ်ထပ်ပွဲ ကျင်းပ နိုင်ပြီ ဖြစ်ပါတယ်။