ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အာဖဂန်မှာ ခရီးသည် ၁၀၀ ကျော်ကို တာလီဘန် ဖမ်းဆီး
အာဖဂန်နစ္စတန် နိုင်ငံ မြောက်ပိုင်းမှာ ခရီးသည်တင် ကား ၃ စီး ကို တာလီဘန် အဖွဲ့တွေက တိုက်ခိုက်မှုတွေ လုပ်ခဲ့ပြီး ခရီးသည် ၁၃၀ ကျော် ကို ဖမ်းဆီး ခေါ်ဆောင် သွား ခဲ့ပါတယ်။
ဒီလို တိုက်ခိုက်မှုတွေ လုပ်ရတာ က ဘတ်စ်ကား ပေါ်မှာ လိုက်ပါလာတဲ့ အစိုးရ လုံခြုံရေး အဖွဲ့ ဝင် တွေကို ပစ်မှတ် ထား လုပ်ဆောင်တာ ဖြစ်ပြီး အရပ်သား ခရီးသည်တွေကို ပြန်လွှတ် ပေးသွားမယ်လု့ တာလီဘန် ပြောရေး ဆိုခွင့် ရှိသူက ပြောပါတယ်။
အာဖဂန် သမ္မတ အက်ရှ်ရပ်ဖ် ဂါနီ က ၃ လ ကြာ ပစ်ခတ် တိုက်ခိုက်မှု ရပ်ဆိုင်း ထားဖို့ ကမ်းလှမ်း ခဲ့ပြီးနောက်မှာ ခရီးသည်တင် ကားတွေကို တာလီဘန် တွေက တိုက်ခိုက် ခဲ့ကြတာ ဖြစ်ပါတယ်။
သမ္မတ ကမ်းလှမ်း ထားတဲ့ အပစ်အခတ် ရပ်ဆိုင်း ရေးကိုလည်း တာလီဘန် ခေါင်းဆောင် တွေက ငြင်းဆန် ပယ်ချ ခဲ့ပါတယ်။ ပြီးတော့ အစိုးရ စစ်တပ် ကို ပြန်လည် တိုက်ခိုက်သွားမယ် ဆိုပြီးတော့လည်း တာလီဘန် ခေါင်းဆောင် ရှိတ် ဟတ်ဘတ်တူလာ အခွန်ဇာဒါး က ရိုက်တာ သတင်း ဌာန ကို ပြောဆို ခဲ့ပါတယ်။
ဒါပေမယ့် လာမယ့် ရက်အနည်းမှာ ကြရောက်မယ့် အစ္စလာမ်ဘာသာရေး အထွတ်အမြတ် ပွဲတော်ကို ကြိုဆို တဲ့ အနေနဲ့ ရန်သူ အကျဉ်းသား ရာနဲ့ ချီပြီးတော့ လွှတ်ပေးဖို့ ရှိတယ် ဆိုပြီး တာလီဘန် ခေါင်းဆောင် က ပြောဆို ပါတယ်။
နိုင်ငံ မြောက်ပိုင်း ဂါဇီ မြို့မှာ ဖြစ်ပွား ခဲ့ရတဲ့ တိုက်ခိုက်မှုက အဲဒီ ခရီးသည် တင် ကားပေါ်မှာ အစိုးရ စစ်တပ် က တပ်ဖွဲ့ဝင် အများအပြား လိုက်ပါ လာတယ်လို့ သတင်း ရရှိတာကြောင့် လုပ်ဆောင် ရတာ လို့ တာလီဘန် တို့ က ပြောဆိုပါတယ်။
အာဖဂန်နစ္စတန် မှာ အစိုးရ စစ်တပ် နဲ့ တာလီဘန် လက်နက်ကိုင် တို့ အကြားမှာ တိုက်ပွဲတွေ ပြန်လည် ဖြစ်ပေါ်နေပါတယ်။ အပစ်အခတ် အရပ်စဲ ရေး အတွက် အစိုးရ က ကမ်းလှမ်း ထားပေမယ့် တာလီဘန် တို့ ဘက် ကတော့ ငြိမ်းချမ်းရေး ကိုငြင်းဆန် နေပါတယ်။