သတင်းလွတ်လပ်ခွင့် ကျဆုံးလာပြီလား

ရေးသားခဲ့သည်။

ရိုက်တာသတင်းထောက်တွေဖြစ်တဲ့ ကိုဝလုံးနဲ့ကိုကျော်စိုးဦးတို့နှစ်ဦး ဖမ်းဆီးခံရပြီးနောက်ပိုင်း သတင်းထောက်တွေကို အနှောက်အယှက်ပေးတာ၊ ဖမ်းဆီးကန့်သတ်လာတွေဟာ သတင်းလွတ်လပ်ခွင့် ကျဆုံးနေတဲ့ လက္ခဏာဖြစ်တယ်လို့ သတင်းမီဒီယာအဖွဲ့တွေက ပြောဆိုပါတယ်။

ဒီမိုကရေစီအစိုးရလက်ထက်မှာ သတင်းထောက်တွေကို အခုလိုဥပဒေအမျိုးမျိုးတပ်ပြီး အရေးယူတာဟာ သတင်းလွတ်လပ်ခွင့်ကို ခြိမ်းခြောက်နေတာ ဖြစ်တယ်လို့ မြန်မာစာနယ်ဇင်းကွန်ရက်အဖွဲ့ဝင် ကိုဇေယျာလှိုင်က ပြောပါတယ်။

ဖမ်းဆီးခံထားရတဲ့ ရိုက်တာသတင်းထောက်တွေရဲ့ မိသားစုဝင်နဲ့ ရှေ့နေတွေအပါအဝင် မြန်မာစာနယ်ဇင်းကွန်ရက်တို့ ပူးပေါင်းပြီး ဒီဇင်ဘာလ ၂၈ ရက်က ကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ အဲဒီလို ပြောဆိုခဲ့ကြတာပါ။ လောလောဆယ်မှာတော့ ရိုက်တာသတင်းထောက်နှစ်ယောက်ကို လျှို့ဝှက်အက်ဥပဒေနဲ့ အမှုဖွင့်ထားပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ရခိုင်ပြည်နယ်မှာသတင်းသွားယူတဲ့ ဧရာဝတီသတင်းဌာနက သတင်းထောက်နဲ့ တခြားတိုက်ကသတင်းထောက်တယောက်တို့ သက်ဆိုင်ရာအာဏာပိုင်တွေရဲ့ ခေါ်ယူစစ်ဆေးမှုကို ခံခဲ့ရပါတယ်။