ပါကစ္စတန်က ကောင်စစ်ဝန်ရုံးထဲ အာဖဂန် သံတမန် ပစ်သတ်ခံရ

ရေးသားခဲ့သည်။

ပါကစ္စတန် နိုင်ငံ တောင်ပိုင်း၊ ကရာချိမြို့က အာဖဂန် နစ္စတန် ကောင်စစ်ဝန်ရုံးမှာ အာဖဂန် သံတမန်တစ်ယောက် ပစ်သတ် ခံရတယ်လို့ အာဖဂန် အရာရှိတွေက ပြောပါတယ်။

သေဆုံးသွားတဲ့ သံတမန်က တတိယ အတွင်းဝန် Muhammad Zaki ဖြစ်တယ်လို့ ကောင်စစ်ဝန်ရုံး ပြောခွင့်ရသူက ပြောပါတယ်။

ပစ်သတ်တဲ့သူက အာဖဂန် လုံခြုံရေး ဝန်ထမ်းဖြစ်ပြီး သူဟာ သေဆုံးသူ သံတမန်ရဲ့ ကိုယ်ရေး အစောင့်အရှောက် ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

သူတို့ နှစ်ယောက်အကြား အခြေအတင် အငြင်းအခုန် ဖြစ်ခဲ့ကြပြီးနောက် လုံခြုံရေး အစောင့်က ပစ်ခတ်ခဲ့တယ်လို့ အရာရှိတွေက ဆိုပါတယ်။ ဘာအတွက် အငြင်းအခုန် ဖြစ်ခဲ့သလဲ ဆိုတာကိုတော့ မသိရသေးပါဘူး။