ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဆောင်းရာသီ အပြောင်းအရွှေ့ ဈေးကွက်က ထိပ်တန်း အပြောင်းအရွှေ့များ
ဆောင်းရာသီ အပြောင်းအရွှေ့ ဈေးကွက်ကတော့ ပြီးခဲ့တဲ့ သောကြာနေ့က ပိတ်သွားခဲ့ပြီဖြစ်ပြီး အပြောင်းလဲတွေ အချို့ဖြစ်ခဲ့ပါတယ်။ ဆောင်းရာသီ ဈေးကွက်အတွင်း ပရီးမီးယားလိဂ်က ကစားသမားတွေ ဝယ်ယူခဲ့ကြပေမယ့် ခါတိုင်းနှစ်တွေကလို မြင့်မားတဲ့ ပြောင်းရွှေ့ကြေးထက် အငှားတွေသာ ဖြစ်ခဲ့တာပါ။ မန်ချက်စတာယူနိုက်တက်က သူတို့ လိုချင်နေတဲ့ စပို့တင်းလစ္စဘွန်းက ဘရူနို ဖာနန်ဒတ်စ်ကို အရ ခေါ်ယူလိုက်နိုင်သလို လူငယ် ဂိုးသမား တစ်ယောက်နဲ့ နောက်ဆုံးနေ့မှာ တရုတ်စူပါလိဂ်က အီဂါလိုကို စာချုပ်နိုင်ခဲ့တာပါ။
အာဆင်နယ်ကလည်း အားနည်းနေတဲ့ ခံစစ်ပိုင်းကို အငှားနဲ့ ခေါ်ယူ အားဖြည့်နိုင်ခဲ့ပြီး ဆောင်ရာသီးဈေးကွက်ကို အဆုံးသတ်ခဲ့ပါတယ်။ ဖလာမင်ဂိုနောက်ခံလူ ပါဘလိုမာရီနဲ့ ဆောက်သမ်တန်က ဆက်ဒရစ်တို့ကို အရ ခေါ်ယူခဲ့တာဖြစ်ပါတယ်။
စပါးကတော့ တိုက်စစ်ပိုင်းအတွက် ပီအက်စ်ဗီ တောင်ပံ ကစားသမား အပြင်ကစားသမားတွေကို ခေါ်ယူခဲ့သလို လီဗာပူးလ်ကတော့ ဂျပန် ကစားသမား မီနာမီနိုကို ခေါ်ယူခဲ့ပါတယ်။
ချယ်လ်ဆီးနဲ့ မန်စီးတီးတို့ ဆောင်းရာသီ ဈေးကွက်မှာ အားဖြည့်မှု မလုပ်ခဲ့ပေမယ့် ဥရောပမှာတော့ ဒေါ့မန်၊ လိုက်ပ်ဇက် အပြင် အင်တာမီလန်၊ နာပိုလီ၊ အေစီမီလန်၊ စပိန်က ဘာစီလိုနာ၊ ရီးယဲယ်၊ အက်သလက်တီကိုတို့လို ထိပ်သီး အသင်းကြီးတွေလည်း ကစားသမားသစ်တွေကို ခေါ်ယူခဲ့တာဖြစ်ပါတယ်။
ဥရောပ ထိပ်တန်းလိဂ်တွေက အသင်းကြီးတွေရဲ့ ဆောင်းရာသီ အပြောင်းအရွှေ့များ
မန်ယူ
ဘရူနို ဖာနန်ဒတ်စ် ( စပို့တင်းလစ္စဘွန်းမှ မန်ယူ ) - ပေါင် ၄၇သန်း
အီဂါလို ( ရှန်ဟိုင်းရှန်ဝါမှ မန်ယူ ) - အငှား
အာဆင်နယ်
ပါဘလိုမာရီ ( ဖလာမင်ဂိုမှ အာဆင်နယ် ) - အငှား
ဆက်ဒရစ် ( ဆောက်သမ်တန်မှ အာဆင်နယ် ) - အငှား
နကတ်ဒီယား ( လိဒ်မှ အာဆင်နယ် ) - အငှားပြန်
စပါး
စတီဗင် ဘာ့ခ်ဝင် ( ပီအက်စ်ဗီမှ စပါး ) - ပေါင် ၂၇သန်း
ဂတ်ဆန် ဖာနန်ဒတ်စ် ( ဘင်ဖီကာမှ စပါး ) - အငှား
မစ်ရှယ်ဗွန့် ( အသင်းလက်မဲ့ ) - အလွတ်
လီဗာပူးလ်
မီနာမီနို ( ဆာဇ်ဘတ်မှ လီဗာပူးလ် ) - ပေါင် ၇.၂၅သန်း
အင်တာမီလန်
အဲရစ်ဆင် ( စပါးမှ အင်တာ ) - ပေါင် ၁၇သန်း
အက်ရှ်ယန်း ( မန်ယူမှ အင်တာ ) - ပေါင် ၁သန်း
ဗစ်တာမော်ဆက်စ် ( ချယ်လ်ဆီးမှ အင်တာ ) - အငှား
အေစီမီလန်
အီဘရာဟီနိုဗစ် ( ဂလက်ဆီမှ မီလန် ) - အလွတ်
နာပိုလီ
လိုဘောတာ ( ဆယ်လ်တာဗီဂိုမှ နာပိုလီ ) - ပေါငိ ၁၈သန်း
ပါတက်ဂါ ( စပယ်မှ နာပိုလီ ) - ပေါင် ၁၅.၃သန်း
ရာမာနီ ( ဗီရိုနာမှ နာပိုလီ ) - ပေါင် ၁၂.၆သန်း
ဒမ်မီ ( လိုက်ပ်ဇက်မှ နာပိုလီ ) - ပေါင် ၁၀.၈သန်း
ပိုလီတာနို ( အင်တာမီ နာပိုလီ ) - အငှား
ဒေါ့မန်
ဟာလန် ( ဆာ့ဇ်ဘတ်မှ ဒေါ့မန် ) - ပေါင် ၁၈သန်း
အမ်မရီချန် ( ဂျူဗင်တပ်စ်မှ ဒေါ့မန် ) - အငှား
လိုက်ပ်ဇက်
ဒါနီအိုမို ( ဒီနမိုဇာဂရက်မှ လိုက်ပ်ဇက် ) - ပေါင် ၁၈သန်း
အန်ဂျယ်လီနို ( မန်စီးတီးမှ လိုက်ပ်ဇ် ) - အငှား
ဘိုင်ယန်မြူးနစ်
အိုဒရီအိုဇိုလာ ( ရီးယဲယ်မှ ဘိုင်ယန် ) - အငှား
ဘာစီလိုနာ
မက်သရူး ဖာနန်ဒတ်စ် ( ပါးမီးယက်စ်မှ ဘာစီလိုနာ ) - ပေါင် ၇သန်း ( နွေရာသီမှ )
ထရီကာနို ( ဘရာဂါမှ ဘာစီလိုနာ ) - ပေါင် ၂၆သန်း ( နွေရာသီမှ )
အက်သလက်တီကို
ကာရက်စ်ကို ( ဒါလီယံမှ အက်သလက်တီကို ) - အငှား
ရီးယဲယ်မက်ဒရစ်
ရိုင်နာ ( ဖလာမင်ဂိုမှ ရီးယဲယ် ) - ပေါင် ၂၇သန်း